နေပြည်တော် အောက်တိုဘာ ၉
အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ပြေးခုန်ပစ်အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၏ဦးဆောင်မှုဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်
ဦးရဲမြင့်ထွန်း၊ ဦးသန်းမောင်၊ ဒေါက်တာ သက်သက်ဇင်၊ ဒေါက်တာ စိုးဝင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့်
ဦးကျော်ထင်၊ ဒေါ်စန်းစန်းနွယ်၊ ဦးရဲတင့်၊ ဦးညီညီ၊ ဒေါက်တာသန့်ဇော်လွင်၊ အားကစားရေးရာဝန်ကြီးဌာနမှ
အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ
များ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ
တက်ရောက် ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ
ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုး သမီး (မီတာ ၁၀၀၊ မီတာ ၁၅၀၀၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊
သုံးဆင့်ခုန်၊ လှံတံပစ်)ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို
ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီးလှံတံပစ်ပြိုင်ပွဲ၊ အမျိုးသားလှံတံပစ်ပြိုင်ပွဲနှင့် အမျိုးသမီးသုံးဆင့်ခုန်ပြိုင်ပွဲတို့တွင်
ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့သူများ၊ အမျိုးသား သုံးဆင့်ခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်
တတိယဆု ရရှိခဲ့သူများကို ညွှန်ကြားရေးမှူးချုပ်များကလည်းကောင်း၊ အမျိုးသမီး မီတာ ၁၅၀၀
ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ နှင့် တတိယဆုရရှိခဲ့သူများကို ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်ကလည်းကောင်း၊
အမျိုးသား မီတာ ၁၅၀၀ ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့သူများကို ဒုတိယဝန်ကြီး
ဦးညီညီကလည်းကောင်း၊ အမျိုး သမီး မီတာ ၁၀၀ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့
သူများကို ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း၊ အမျိုးသား မီတာ ၁၀၀ ပြိုင်ပွဲတွင် ပထမ၊
ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်က လည်းကောင်း၊ အမျိုးသမီး
မီတာ ၄၀၀x ၄ လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ခဲ့သူများကို ဒုတိယဝန်ကြီး
ဦးကျော်ထင်ကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး အမျိုးသား မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း
ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့သူများကို ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ စိုးဝင်းကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြိုင်ပွဲတစ်လျှောက်ရမှတ် ၉၂
မှတ်ဖြင့် အမျိုးသမီး တံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ဇင်ကလည်းကောင်း၊ အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင်
၂၀၀၆ ခုနှစ် ကချင်ပြည်နယ်အသင်းမှ ဒီရဲဝူ၏ စံချိန် ၁၄.၄၃ မီတာထက် သာလွန်၍ စံချိန် ၁၄.၅၄
မီတာဖြင့် စံချိန် သစ်တင်နိုင်ခဲ့သည့် ရှမ်းပြည်နယ်အသင်းမှ ဟိန်းသူရမိုးနှင့် ပြိုင်ပွဲတစ်လျှောက်
ရမှတ် ၇၇ မှတ်ဖြင့် အမျိုးသား တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ကို
ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က လည်းကောင်း ငွေသားဆုနှင့် တံခွန်စိုက်ဆု ဖလားများ
ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲတစ်လျှောက် ရမှတ် ၁၅၃
မှတ်ဖြင့် စုပေါင်း တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ရှမ်းပြည်နယ်အသင်းကို ပြည်ထောင်စုဝန်ကြီး
ဦးရဲမြင့်ထွန်းက တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ စုပေါင်း တံခွန်စိုက်ဆုဖလားအား
ပေးအပ်ချီးမြှင့်ခဲ့သည်။
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်
U-18 ပြေးခုန်ပစ်ပြိုင်ပွဲ ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်မှ ၉ ရက်အထိ နေပြည်တော်
ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း အမှတ် (၁)တို့ ၌ ကျင်းပပြုလုပ်ခဲ့ရာ
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း
၁၅ သင်း စုစုပေါင်းအင်အား ၃၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


No comments:
Post a Comment