နေပြည်တော် အောက်တိုဘာ ၉
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ထိုင်းနိုင်ငံသား လေးဦးအား ယနေ့တွင် မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၂ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။
ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင်
မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးရဲလင်းမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး
ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းစိုးတို့၏ ကြီးကြပ်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးကောင်းမြတ်ကျော်နှင့်တာဝန်ရှိသူများက ထိုင်းနိုင်ငံ
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ Deputy Inspector Pol.Capt Kiattisak Jeefu နှင့်
တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများနှင့်အတူ
စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
ထို့အတူ ကရင်ပြည်နယ်
မြဝတီမြို့ဝန်းကျင်ရှိ ဆိုက်အတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့်
တရုတ်နိုင်ငံသား တစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံသား တစ်ဦး၊ ယူဂန်ဒါနိုင်ငံသား နှစ်ဦး၊ ဘူရွန်ဒီနိုင်ငံသား
သုံးဦး၊ အီသီယိုးပီးယားနိုင်ငံသား သုံးဦး၊ ပါကစ္စတန် နိုင်ငံသား သုံးဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား
လေးဦးနှင့် အိန္ဒိယနိုင်ငံသား ငါးဦး စုစုပေါင်းပြည်ပနိုင်ငံသား ၂၂ ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး
ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ
၃၀ ရက်မှ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၉ ရက် အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်
ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၅၂၉၃ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့်
ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၄၀၈၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့်
သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။
လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့်
ပြည်ပနိုင်ငံသား ၁၂၀၇ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ
အက်ဥပဒေပုဒ်မ ၃ (၁)/ ၁၃ (၁) အရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၄၈၅ ဦးရှိသည့်အတွက်
ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၇၂၂ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့်
၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
နိုင်ငံတော်အနေဖြင့်
Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော
နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး
အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင်
အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်
နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး
ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
%20%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%99%E1%80%9D%E1%80%84%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%BD%E1%80%BE%E1%80%B2%E1%80%95%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%20(%E1%81%89-%E1%81%81%E1%81%80-%E1%81%82%E1%81%80%E1%81%82%E1%81%86)-2.jpg)
No comments:
Post a Comment