နေပြည်တော် အောက်တိုဘာ ၇
အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်တို့ပူးပေါင်း၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ” ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁) တို့တွင် ဆက်လက်ကျင်းပသည်။
ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲ၊ မီတာ ၂၀၀၀ တားဆီးကျော်ပြေး၊ မီတာ ၄၀၀ တန်းကျော်ပြေး၊ အလျားခုန်နှင့် ကြိုးတပ်သံလုံးပစ်) ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြသည်။
အမျိုးသားပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် မီတာ ၂၀၀၀ တားဆီးကျော်ပြေးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ လင်းထက်က စံချိန် 6:36.36 စက္ကန့်ဖြင့် ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ လူပီးက စံချိန် 6:42.08 စက္ကန့်ဖြင့် ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ သော်ဇင်ကိုကိုက စံချိန် 6:57.00 စက္ကန့်ဖြင့် တတိယ၊ မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ကောင်းမြတ်ဇော်က စံချိန် 58.56 စက္ကန့်ဖြင့် ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ ခွန်ကောင်းထက်စံက စံချိန် 59.59 စက္ကန့်ဖြင့် ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးမှ စောခဲနက်က စံချိန် 61.10 စက္ကန့်ဖြင့် တတိယ၊ အလျား ခုန်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ ဟိန်းမြတ်ဇော်က စံချိန် 5.87 မီတာဖြင့် ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ ထက်မြတ်အောင်က စံချိန် 5.66 မီတာဖြင့် ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ ဘုန်းမြတ်ကျော်က စံချိန် 5.46 မီတာဖြင့် တတိယ၊ ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးမှ စောတောဘလူမူးက စံချိန် 41.16 မီတာဖြင့် ပထမ၊ ရှမ်းပြည်နယ်မှ ဟိန်းသူရမိုးက စံချိန် 36.50 မီတာဖြင့် ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးမှ ပြည့်ဘုန်းနိုင်က စံချိန် 34.15 မီတာဖြင့် တတိယရရှိခဲ့ကြသည်။
အလားတူ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ စုစုထွေးက စံချိန် 29:15.22 စက္ကန့်ဖြင့် ပထမ၊ ရှမ်းပြည်နယ်မှ အိဖြိုးဇင်က စံချိန် 29:31.91 စက္ကန့်ဖြင့် ဒုတိယ၊ ကယားပြည်နယ်မှ ကြယ်ဇင်လင်းက စံချိန် 30:22.88 စက္ကန့်ဖြင့် တတိယ၊ မီတာ ၂၀၀၀ တားဆီး ကျော်ပြေးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ဒုံကမ်းက စံချိန် 8:18.60 စက္ကန့်ဖြင့် ပထမ၊ မန္တလေးတိုင်းဒေသကြီးမှ ဝင်းရတနာထွန်းက စံချိန် 8:44.68 စက္ကန့်ဖြင့် ဒုတိယ၊ ရှမ်းပြည်နယ်မှ ဝင်းဝင်းက စံချိန် 9:06.75 စက္ကန့် ဖြင့် တတိယ၊ မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ချစ်စနိုးဇော်က စံချိန် 67.85 စက္ကန့်ဖြင့် ပထမ၊ ရှမ်းပြည်နယ်မှ နန်းရွှေဌေးက စံချိန် 73.21 စက္ကန့်ဖြင့် ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ နန်းမေသက်ခိုင်က စံချိန် 75.74 စက္ကန့်ဖြင့် တတိယ၊ အလျားခုန်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ မေသက်ခိုင်က စံချိန် 4.64 မီတာဖြင့် ပထမ၊ မွန်ပြည်နယ်မှ သီရိမွန်က စံချိန် 4.23 မီတာဖြင့် ဒုတိယ၊ မန္တလေးတိုင်းဒေသကြီးမှ သန္တာလှိုင်က စံချိန် 4.18 မီတာဖြင့် တတိယ၊ ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ နော်ယမင်းအေးက စံချိန် 38.80 မီတာဖြင့် ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ နန်းဂျူးဂျူးက စံချိန် 29.83 မီတာဖြင့် ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ ဆုဆုလှိုင်က စံချိန် 28.76 မီတာဖြင့် တတိယရရှိကြသည်။
လာရောက်အားပေးကြည့်ရှုနိုင်
အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ပြေးခုန်ပစ်အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 ပြေးခုန်ပစ်ပြိုင်ပွဲ” ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်မှ ၉ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁) တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက် အားပေးကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment