မင့်စ် အောက်တိုဘာ ၂၀
ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ် နာတာလျာ ကိုချန်နိုဗာ ဖိတ်ကြားချက်အရ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံမှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာလာရာ အောက်တိုဘာ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၅၀ တွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။
ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့အား လေဆိပ်၌ ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Igor Brylevich ၊ အမျိုးသားလွှတ်တော် နိုင်ငံတကာရေးရာနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အမြဲတမ်းကော်မရှင်ဥက္ကဋ္ဌ Mr. Sergei ALEINK ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမောင်မောင်စိုးတို့က ကြိုဆိုကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ညှက်စဘစ်ရှ် (Nesvizh) မြို့ရှိ National Historical and Cultural Museum-Reserve "Nesvizh" ပြတိုက် သို့ သွားရောက်လေ့လာကြသည်။
အဆိုပါပြတိုက်သည် ၂၀၀၅ ခုနှစ်တွင် ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့ပြီး ပြတိုက်အတွင်း၌ ပြခန်းပေါင်း ၁၅ ခန်း၊ အမွေနှစ်ပစ္စည်း ၂၄၀၀၀ ကျော် ပြသထားရှိကြောင်း သိရသည်။
ထို့ပြင် ပြတိုက်ပရဝဏ်တွင် Nesvizh မြို့တော်ခန်းမ၊ သမိုင်းဝင် Slutsk ဂိတ်တံခါး၊ သမိုင်းဝင် ပန်းခြံငါးခု (Castle Park, Old Park, Japanese Park, English Park နှင့် Marysin-New Park) တည်ရှိပြီး ဧက ၁၆၀ ကျော် ကျယ်ဝန်းကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment