နေပြည်တော် အောက်တိုဘာ ၁၄
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး Ms. Ma Jia အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် တရုတ် - မြန်မာ နှစ်နိုင်ငံ
ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တရုတ်နိုင်ငံ ချေးငွေများနှင့် ဆောင်ရွက်နေသည့်
ဖွံ့ဖြိုးမှုစီမံကိန်းဆိုင်ရာ အခြေအနေများ၊ နှစ်နိုင်ငံအကြား ငွေပေးချေမှုကိစ္စရပ်များ၊
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှသင်တန်းများ ပံ့ပိုးဆောင်ရွက်ပေးနေမှု
အခြေအနေနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment