ရန်ကုန် အောက်တိုဘာ ၁၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်ကော်မတီတို့ ကြီးမှူးကျင်းပသည့် M League II 2026-2027 ဘောလုံးရာသီ အပတ်စဉ် (၁) ပထမနေ့ပွဲစဉ်များကို ယနေ့ညနေ ၃ နာရီခွဲက စတင်ယှဉ်ပြိုင်ကစားခဲ့ရာ VUE နေပြည်တော်၊ ရာမညယူနိုက်တက်နှင့် ယူနီဗာစတီအသင်းတို့ အသီးသီးအနိုင်ရရှိခဲ့သည်။
ဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ် တွင် VUE နေပြည်တော်အသင်းက မနောအသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ VUE နေပြည်တော်အတွက် ဂိုးများကို ပွဲချိန် ၁၇ မိနစ်တွင် အောင်ပြည့်ဖြိုးနှင့် မိနစ် ၈၀ မင်းမင်းသူတို့က သွင်းယူပေးခဲ့ပြီး မနောအသင်း၏ ချေပဂိုးကို အချိန်ပို ၉၀+၃ မိနစ်တွင် ခိုင်ပူက သွင်းယူပေးခဲ့သည်။YUSC ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့်
ပွဲစဉ်တွင် ရာမညယူနိုက်တက်အသင်းက Asia Lion အသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရာမညယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို အာကာကျော် (၃၅ မိနစ်)၊ စန်းမြင့်နိုင် (၃၈ မိနစ်)နှင့်
စောထူးဝေလျှံအောင် (၆၈ မိနစ်)တို့က သွင်းယူပေးခဲ့ပြီး Asia Lion အသင်းအတွက် ချေပဂိုးကို
ထွန်းလင်းဦး (၅၈ မိနစ်)က သွင်းယူပေးခဲ့သည်။ AYA Pay Player of The Match ဆုကို ရာမညယူနိုက်တက်အသင်းမှ
စောထူးဝေလျှံအောင်က ရရှိခဲ့သည်။
တက္ကသိုလ်ကွင်း၌
ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ ယူနီဗာစတီအသင်းက Elite Kings အသင်းကို ကိုးဂိုး - ဂိုးမရှိဖြင့်
ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ယူနီဗာစတီအသင်းအတွက် အနိုင်ဂိုးများကို ရှိုင်းထက်အောင်
(၁) (၁၅ မိနစ်)၊ အောင်မြင့်မြတ် (၂၆၊ ၃၆၊ ၅၂ မိနစ်)၊ ဝင်းဝင်းထွန်း (၄၃၊ ၅၆ မိနစ်)၊
MYU DAN HKUNG (၆၂ မိနစ်)၊ ရှိုင်းထက်အောင်(၂) (၇၅ မိနစ်)နှင့် သန်းထက်မိုး (၉၀+၃ မိနစ်)
တို့က အသီးသီးသွင်းယူပေးခဲ့ကြသည်။ AYA Pay Player of the Match ဆုကို ယူနီဗာစတီအသင်းမှ
အောင်မြင့်မြတ်က ရရှိခဲ့သည်။ အပတ်စဉ် (၁) ဒုတိယနေ့ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၆ ရက်တွင်
တက္ကသိုလ်ကွင်း၌ Enjoy Brother FC နှင့် Royal Dagon FC အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MLII

No comments:
Post a Comment