ရန်ကုန် အောက်တိုဘာ ၁၅
Grand Royal M League အပတ်စဉ် (၄) ပွဲစဉ်များကို အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့သည် AFC Challenge League ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန်ရှိနေမှုကြောင့် ပွဲစဉ်များရွှေ့ဆိုင်းထားသည်။
အောက်တိုဘာ ၁၆
ရက် စတားစီးတီးကွင်း၌ သစ္စာအားမာန်အသင်း နှင့် ISPE အသင်း၊ အောက်တိုဘာ ၁၇ ရက် သီဟဒီပကွင်း၌
ချင်းလန်းအသင်းနှင့် ရန်ကုန်စီးတီးအသင်း၊ အောက်တိုဘာ ၁၈ ရက် ပဲခူးကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့်
ရတနာပုံအသင်း၊ စတားစီးတီးကွင်း၌ စစ်ကိုင်းယူနိုက်တက်နှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့
အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပြီးခဲ့သည့် အပတ်စဉ်
(၃) ပွဲစဉ်များတွင် ရှမ်းယူနိုက်တက်က ဟံသာဝတီကို နှစ်ဂိုး - ဂိုးမရှိ၊ ရန်ကုန်စီးတီးက
ရန်ကုန်ယူနိုက်တက်ကို နှစ်ဂိုး - တစ်ဂိုး၊ ရတနာပုံက မြဝတီကို နှစ်ဂိုး - ဂိုးမရှိ၊ သစ္စာအားမာန်က ဧရာဝတီယူနိုက်တက်ကို
သုံးဂိုး
- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး
စစ်ကိုင်းနှင့် ချင်းလန်းမှာ တစ်ဂိုး - တစ်ဂိုး၊ ISPE နှင့် ဒဂုံစတားမှာ နှစ်ဂိုး
- နှစ်ဂိုးဖြင့် သရေကျခဲ့ကြသည်။
အပတ်စဉ် (၃) ပွဲစဉ်များအပြီးတွင်
ဒဂုံစတားယူနိုက်တက်၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းတို့က ရမှတ်ခုနစ်မှတ်စီဖြင့်
အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည်။
နေမျိုး
No comments:
Post a Comment