ရန်ကုန် အောက်တိုဘာ ၂၁
M League 2026 U20 အမှတ်ပေးဘောလုံးပြိုင်ပွဲ အပတ်စဉ် (၂၀) ဒုတိယနေ့ပွဲစဉ်များကို ယနေ့ညနေ ၃ နာရီခွဲက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ISPE အသင်း၊ ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ အနိုင်ရရှိခဲ့သည်။
ဦးဆောင်ဂိုးများကို
စစ်ငြိမ်းချမ်းဦးက ပွဲချိန် ၁၇ ၊ ၁၉ နှင့် ၂၀ မိနစ်တို့တွင် ဟက်ထရစ်သွင်းယူပေးခဲ့ပြီး
အောင်မြင့်မြတ် (၁)က ၂၄ မိနစ်၊ မင်းကိုခန့်က ၂၇ မိနစ်နှင့် ချစ်ဝိုင်ခန့်က ၈၉ မိနစ်တို့တွင်
အသီးသီးသွင်းယူပေးခဲ့သည်။
YUSC ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့်
ရန်ကုန်ဒါဘီပွဲစဉ်တွင် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရန်ကုန်ယူနိုက်တက်အသင်းက
ရန်ကုန်စီးတီးအသင်းကို သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အတွက်
ဂိုးများကို လမင်းပြည့်စုံက ၃၂ မိနစ်၊ ကျော်ညီညီက ၄၅+၄ မိနစ်နှင့် ကောင်းမြတ်အောင်က
၉၀+၁ မိနစ်တို့တွင် သွင်းယူခဲ့သည်။ ရန်ကုန်စီးတီးအသင်းအတွက် ချေပဂိုးများကို ထက်အာကာဝင်းက
၆၃ မိနစ်နှင့် ထူးအံ့ဝင်းက ၇၃ မိနစ်တို့တွင် ပြန်လည်သွင်းယူခဲ့သည်။
သီဟဒီပကွင်း၌ ရှမ်းယူနိုက်တက်အသင်းက
မြဝတီအသင်းကို သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရှမ်းယူနိုက်တက်အတွက် ကောင်းခန့်ဟိန်းက
၃၆ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၄၅+၃ မိနစ်တွင် မြဝတီအသင်းမှ အောင်ဇင်ဖြိုး
ကိုယ့်ဂိုးကိုယ်မှားသွင်းမိခဲ့သဖြင့် ရှမ်းယူနိုက်တက် ဒုတိယဂိုးရခဲ့သည်။ မြဝတီအသင်းအတွက်
ချေပဂိုးများကို ကျော်ဇေယျာခန့်က ၄၂ မိနစ်နှင့် ဘုန်းခန့်ဖြိုးက မိနစ် ၈၀ တို့တွင်
သွင်းယူခဲ့သော်လည်း ပွဲချိန် ၉၀+၂ မိနစ်တွင် ကောင်းထက်ကျော်က ရှမ်းယူနိုက်တက်အတွက်
အနိုင်ဂိုးထပ်မံသွင်းယူပေးခဲ့သည်။
အပတ်စဉ် (၂၀) နောက်ဆုံးပွဲစဉ်များအဖြစ်
အောက်တိုဘာ ၂၂ ရက်တွင် ဗဟန်းကွင်း၌ GALAXY အသင်းနှင့် FALCON အသင်း၊ တောင်ဒဂုံကွင်း၌
ဟံသာဝတီယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
နေမျိုး ဓာတ်ပုံ-ML

No comments:
Post a Comment