ရန်ကုန် အောက်တိုဘာ ၂၁
မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ အပတ်စဉ် (၁၀) နောက်ဆုံးပွဲစဉ်ကို ယနေ့ညနေ ၃ နာရီခွဲက ပဒုံမာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အမှတ်ပေးဇယားအဆင့် (၈) နေရာမှ ဇွဲကပင်ယူနိုက်တက်အသင်းနှင့် အဆင့် (၉) နေရာမှ Young Lionesses အသင်းတို့တွေ့ဆုံခဲ့ပြီး တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။
ပွဲကစားချိန် ၇၅
မိနစ်တွင် Young Lionesses အသင်းအတွက် နန်ခမ်းဟွမ်က ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့သည်။
ပွဲပြီးခါနီး ၈၉ မိနစ်တွင် ဇွဲကပင်ယူနိုက်တက်အသင်းအတွက် ဘယ်လင်ဒါအိုဖိုရီက ချေပဂိုး
ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျကာ ရမှတ်ခွဲယူခဲ့သည်။
ဒုတိယအကျော့ အပတ်စဉ်
(၁၀) ပွဲစဉ်များအပြီးတွင် ISPE အသင်းက ၂၈ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီက၂၃
မှတ်၊ ရန်ကုန်ယူနိုက်တက်က ၂၂ မှတ်၊ သစ္စာအားမာန်က ၁၉ မှတ်၊ ရှမ်းယူနိုက်တက်က ၁၇ မှတ်၊
ရတနာပုံက ၁၂ မှတ်၊ မြဝတီက ၉ မှတ်၊ ဇွဲကပင်ယူနိုက်တက်၊ Young Lionesses တို့က ၇ မှတ်စီနှင့်
ရန်ကုန်စီးတီးအသင်းက ရမှတ်မရရှိသေးပေ။
နေမျိုး၊ ဓာတ်ပုံ-MWL

No comments:
Post a Comment