နေပြည်တော် အောက်တိုဘာ ၂၀
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေစေရန်အတွက် “က” ကုန်စည်ယာဉ် ၁၂၇၅ စီး၊ “ခ” ခရီးသည်တင်ယာဉ် YBS ၅၅၁၆ စီးနှင့် အခြား ၆၄၂ စီး၊ “ဂ’’ စင်းလုံးငှား / Taxi ၁၇၉၉၁ စီး ၊ “ဃ” ကြိုပို့ယာဉ် ၁၈၄ စီး၊ “င” ကိုယ်ပိုင်စီးပွားသုံးယာဉ် ၁၁၅၉ စီး၊ ဌာနဆိုင်ရာယာဉ် ၁၉၀ စုစုပေါင်း ၂၆၉၅၇ စီးကို မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ယာဉ်များအဖြစ် မှတ်ပုံတင်ခွင့်ပြုပေးထားပြီး လိုအပ်သောဓာတ်ငွေ့များကို မော်တော်ယာဉ်သုံးသဘာဝ ဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင်မှ ဓာတ်ငွေ့လုံလောက်စွာ ဖြန့်ဖြူးရောင်းချရန်စီမံထားရှိပြီး ထိုသို့ဖြန့်ဖြူးရာတွင် ကားအစီးရေနှင့် အကြိမ်အရေအတွက် ကန့်သတ်မှုမရှိဘဲ နေ့စဉ် နံနက် ၄ နာရီမှ ည ၁၁ နာရီအထိ ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိသည်။
ခရီးသွားပြည်သူများ ယာဉ်စီးခသက်သာစွာ သွားလာနိုင်ရန်အတွက်လည်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ကို 1 Kg လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကာ လက်ရှိတွင် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ၄၁ ဆိုင်သို့ နေ့စဉ် YBS ယာဉ် ၃၃၀၀ ခန့်၊ Taxi ၃၁၀၀၀ ခန့်နှင့် အခြားယာဉ် ၁၅၀၀ ခန့် စုစုပေါင်းယာဉ် ၃၆၀၀၀ ခန့် (တစ်နေ့လျှင် ၂ ကြိမ် ဖြည့်သောယာဉ်များအပါအဝင်) လာရောက်ဖြည့်သွင်းလျက်ရှိပြီး နေ့စဉ်သဘာဝဓာတ်ငွေ့ ၂၆ ကုဗပေ သန်းခန့် လုံလောက်စွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment