နေပြည်တော် စက်တင်ဘာ ၃၀
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ ယူရီးယားတန်ချိန် ၁၄၂၀၀၀ ၊ ကွန်ပေါင်းနှင့် အခြားမြေဩဇာ ၅၇၀၅၈၄ တန် ထောက်ခံပေးခဲ့ပါကြောင်း ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင်
ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ဦးဆောင်ကော်မတီအနေဖြင့်
တောင်သူများအဆင်ပြေစေရန် စုပေါင်းဝယ်ယူ စုပေါင်းဖြန့်ဖြူးနိုင်ရေးအတွက် သမဝါယမစနစ်
Consortium ပုံစံဖြင့် အမြတ်မယူဘဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရည်ညွှန်းဈေးနှုန်းကို
လစဉ်ပုံမှန်ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ဓာတ်မြေဩဇာများ အရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊
သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှုမရှိစေရေး၊ သိုလှောင်ပြီး ဈေးကစားခြင်းများမရှိစေရေး၊
မြို့နယ်အလိုက် အရောင်းဆိုင်များကို စစ်ဆေးရန်လိုအပ်ကြောင်း၊ ကော်မတီ၏ရည်ရွယ်ချက်အတိုင်း
အချိန်မီရရှိရေး၊ အရည်အသွေးပြည့်ဝစေရေး၊ သတ်မှတ်ဈေးနှုန်းနှင့် တောင်သူများ လက်ဝယ်အရောက်
တိုက်ရိုက်ဝယ်ယူအသုံးပြုနိုင်ရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များအပါအဝင် သက်ဆိုင်ရာဌာနအားလုံးက
ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး
အမြဲတမ်းအတွင်းဝန်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၆-၂၀၂၇
ဘဏ္ဍာနှစ်တွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးထောက်ခံပေးထားသည့် တန်ချိန်များအပေါ် မှတ်တမ်းတင်ပေးနိုင်ရန်နှင့်
မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က
ဓာတ်မြေဩဇာဝယ်ယူ တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီဝင်
ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး
ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment