Thursday, October 1, 2026

ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို နည်းပညာနှင့် ငွေကြေးထောက်ပံ့ခြင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ

 


ကလေး စက်တင်ဘာ ၃၀

ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ဌာနမူလတန်းကြိုကျောင်းများ ဖွင့်လှစ်ခြင်းအပြင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို နည်းပညာနှင့် ငွေကြေးထောက်ပံ့ခြင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ သွားရောက်စဉ် ဒုတိယဝန်ကြီးက ကလေးမြို့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

ဆက်လက်၍ ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ မိသားစုသုံးပစ္စည်း (Family Kit) များနှင့် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ ထိန်းသိမ်းထားသိုသည့် ပစ္စည်းသိုလှောင်ရုံကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကလေးခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု ရှိလာပါက ဘေးသင့်သူများ လတ်တလော သက်သာချောင်ချိမှုရရှိစေရေးအတွက် ထောက်ပံ့ပေးသည့် မိသားစုသုံးပစ္စည်း (Family Kit) များနှင့် ကယ်ဆယ်ရေးအထောက်အကူပြုပစ္စည်းများ အဆင်သင့်ဖြစ်နေစေရန်၊ လေလွင့်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရေး သိုလှောင်ရုံထိန်းသိမ်းရေးနည်းစနစ်များနှင့်အညီ သိုလှောင်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားကာ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment