ပူတာအို စက်တင်ဘာ ၃၀
ဒေသစားရေရိက္ခာဖူလုံရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာများကို ကျွမ်းကျင်တတ်မြောက်အောင် သင်ယူလေ့ကျင့်ကြရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ယနေ့နံနက်ပိုင်းတွင် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံမှာကြားသည်။
နိုင်ငံတော်သမ္မတက
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုဒေသ၌ ဒေသနှင့်ကိုက်ညီသည့်
ဒီဂရီကောလိပ်တစ်ခု ဖွင့်လှစ်သွားနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ကျောင်းသစ်အမြန်ဆုံးဖွင့်လှစ်နိုင်ရေး
လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည်
ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးမယစ်ယောရှု၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်အတွင်းရှိ
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ဒုတ္ထန်အခြေခံပညာအထက်တန်းကျောင်း၊
ထူးဖောင်ဒေးရှင်း ပညာဒါန ဘော်ဒါဆောင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို)၊ အစိုးရနည်းပညာအထက်တန်းကျောင်း
(ပူတာအို)နှင့် မြို့မြေကွက်လျာထားမြေလွတ်နေရာတို့ကို လှည့်လည်ကြည့်ရှုပြီး ကျောင်းသား
ကျောင်းသူများနှင့် တွေ့ဆုံ၍ စည်းကမ်းလိုက်နာပြီး ကြိုးစားသင်ယူလေ့လာကြရန် အားပေးစကားပြောကြားခဲ့ကြောင်း
သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment