Monday, October 5, 2026

နိုင်ငံလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ပြုနိုင်သည့် လူသားအရင်းအမြစ်ပညာတတ်များ မွေးထုတ်ပေးရန်နှင့် နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများဆောင်ရွက်ရေး အထူးလိုအပ်

 


နေပြည်တော် အောက်တိုဘာ ၄

နိုင်ငံလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ပြုနိုင်သည့် လူသားအရင်းအမြစ် ပညာတတ် များမွေးထုတ်ပေးရန်နှင့် နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရန် သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ယနေ့ နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ငူ)တို့မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံစဉ် မှာကြားခဲ့သည်။

ထို့နောက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နိုင်ငံတကာအဆင့်မီ သင်ထောက်ကူပစ္စည်း များအသုံးပြုနေမှု၊ တက္ကသိုလ်၏ သင်ကြားသင်ယူမှုလုပ်ငန်းများ ပိုမိုထိရောက်စေရန် ကျောင်းပရဝဏ်အတွင်း စာသင်ခန်းများ၊ Lab ခန်းများ၊ ကွန်ပျူတာခန်းများ၊ အလုပ်ရုံများ၊ စာကြည့်တိုက်၊ ဆရာ ဆရာမ ဝန်ထမ်းအိမ်ရာများ၊ ဘောလုံးကွင်းမြေနေရာ၊ ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအခြေအနေနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment