နေပြည်တော် အောက်တိုဘာ ၄
MSMEs နှင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းဖြည့်ဆည်းနိုင်ရေးအတွက် စစ်တမ်းများကောက်ယူကာ စီမံချက်ချမှတ် ဆောင်ရွက်သွားရန် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ဆွေးနွေး မှာကြားသည်။
ယမန်နေ့ မွန်းလွဲပိုင်းကလည်း ဒုတိယဝန်ကြီးသည်
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် လျှပ်စစ်ဓာတ်ခွဲခန်းရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး
လျှပ်စစ်ဓာတ်အားများကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး၊ အရည်အသွေးမြင့်လျှပ်စစ်ပစ္စည်းများအသုံးပြုနိုင်ရေး၊
စက်ရုံတွင်းနှင့် အိမ်တွင်းလျှပ်စစ် သုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားကာ
စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေးတို့အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
စစ်ဆေးကြပ်မတ်ရန် မှာကြားခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဦးကျော်ဇေယျနှင့် လျှပ်စစ်စစ်ဆေးရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးထိုက်တို့က လျှပ်စစ်ဓာတ်ခွဲခန်း၏လုပ်ငန်းများ
အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လျှပ်စစ်ဓာတ်ခွဲခန်းတွင်
ပြည်တွင်းထုတ် လျှပ်စစ်ပစ္စည်းများ၊ ပြည်ပ တင်သွင်းလျှပ်စစ်ပစ္စည်းများ၏ အရည်အသွေးများအား
စမ်းသပ်စစ်ဆေးနေမှု၊ MSMEs ထုတ်ကုန် အရောင်းပြခန်းတွင် နေပြည်တော်နှင့် တိုင်းဒေသကြီး၊
ပြည်နယ်အလိုက် MSMEs ထုတ်ကုန်များ ခင်းကျင်းပြသထားရှိမှု၊ E-Market Platform ဖြင့်
ချိတ်ဆက်ရောင်းချနေမှု အခြေအနေနှင့် MSMEs One Stop Service Center ၊ Incubation
Center တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment