နေပြည်တော် အောက်တိုဘာ ၂၄
သီတင်းကျွတ်ပွဲတော် ရုံးပိတ်ရက်ရှည်ကာလအတွင်း အများပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ အခက်အခဲမရှိ ခရီးသွားလာနိုင်ရေးအတွက် ခရီးသွားလာမှုများပြားသည့် လမ်းကြောင်းများပေါ်ရှိ မြို့ကြီးများတွင် စက်သုံးဆီတင်ယာဉ်များဖြင့် အရန်ဆီများကြိုတင်ထားရှိပြီးဖြစ်သည်။
အများပြည်သူတို့အနေဖြင့် စက်သုံးဆီများကို သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း မြို့ကြီးများနှင့် ခရီးလမ်းတစ်လျှောက်တွင် ဝယ်ယူနိုင်ပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment