နေပြည်တော် အောက်တိုဘာ ၄
ဘယ်လာရုစ်သမ္မတနိုင်ငံ စက်မှုဝန်ကြီးဌာနဝန်ကြီး မစ္စတာအန်ဒရေ ကူဇနက်ဆော့ဗ်၏ ဖိတ်ကြား ချက်အရ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့၌ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပသည့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစက်မှုပြပွဲ (INNOPROM. Belarus) သို့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည်
မင့်စ်မြို့သို့ ရောက်ရှိနေစဉ်ကာလအတွင်း စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မြန်မာ-ဘယ်လာရုစ်
နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုပူးတွဲကော်မတီ၏
ဥက္ကဋ္ဌဖြစ်သူ ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ မက်ဆင်း
ရူဇန်ကော့ဗ်နှင့်တွေ့ဆုံပြီး တတိယအကြိမ် ပူးတွဲကော်မတီအစည်းအဝေး မြန်မာနိုင်ငံ၌ ကျင်းပရေး၊
လမ်းပြမြေပုံ အကောင်အထည်ဖော်ရေးနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာချာလီသန်းသည် ဘယ်လာရုစ်သမ္မတ နိုင်ငံ စက်မှုဝန်ကြီးဌာန ဝန်ကြီးမစ္စတာအန်ဒရေ
ကူဇနက်ဆော့ဗ်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်ရေး၊
နည်း ပညာဖလှယ် ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
(MSMEs) ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများကိုလည်းကောင်း
သီးခြားစီဆွေးနွေးခဲ့ကြသည်။
လှည့်လည်လေ့လာကြည့်ရှု
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ
ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ် သမ္မတနိုင်ငံ နိုင်ငံပိုင်အသေးစားစက်မှု
လုပ်ငန်း “Bellegprom” ဥက္ကဋ္ဌ မစ္စနာဒက်ဒါ လာဇာရီဗစ်
နှင့်တွေ့ဆုံပြီးနှစ်နိုင်ငံအကြား အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုန်သွယ်မှုမြှင့်တင်နိုင်ရေးကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး
ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စက်မှုကုန်စည်ပြပွဲ၌ ပြသထားသည့် ပြခန်းများကိုလှည့်လည်လေ့လာကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးများသည် အောက်တိုဘာ
၁ ရက်တွင် ဒုတိယအကြိမ်မြောက် အပြည်ပြည် ဆိုင်ရာစက် မှုပြပွဲ (INNOPROM. Belarus) ၏
စီးပွားရေးအစီအစဉ်များနှင့် မျက်နှာစုံညီ အစည်းအဝေး တို့သို့ တက်ရောက် ခဲ့ကြပြီး မင့်စ်မြို့ရှိ
Techno Park သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက Techno Park နှင့် သက်ဆိုင်သည့်အချက်အလက်များကို
လိုက်လံရှင်းလင်းပြသသည်။
ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်
အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် Minsk Automatic Lines Plant စက်ရုံအတွင်း အလိုအလျောက်
စက်ယန္တရားများ ထုတ်လုပ်တပ်ဆင်နေမှုကိုလည်းကောင်း၊ Minsk Plant of Technological Metal
Structures ၏ နည်းပညာမြင့် သတ္တုထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းစဉ်များနှင့် နည်းပညာအသုံးပြုဆောင်ရွက်နေမှုကို
လည်းကောင်း လေ့လာကြည့်ရှု၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို
ဆွေးနွေးခဲ့ကြပြီး ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment