Friday, September 18, 2026

၂၀၂၆ ဖီဖာ ယူ-၁၅ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု (W) ၌ ကျရောက်

နေပြည်တော် စက်တင်ဘာ ၁၇

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အသက် ၁၅ နှစ်အောက် ကမ္ဘာ့ဖလားနှင့် ဘောလုံးပွဲတော် (FIFA U-15 World Cup & Festival 2026) ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲနှင့် ပွဲစဉ်ဇယားများကို တရားဝင်ထုတ်ပြန်ခဲ့ရာ မြန်မာ ယူ-၁၅ အမျိုးသားဘောလုံးအသင်းသည် အုပ်စု (W) ၌ ကျရောက်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ယူ-၁၅ လက်ရွေးစင် အသင်းပေါင်း ၁၉၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပြိုင်ပွဲပုံစံအရ အုပ်စု (A)မှ (AF) အထိ စုစုပေါင်း အုပ်စု ၃၂ ခုခွဲခြားထားပြီး တစ်အုပ်စုလျှင် ခြောက်သင်းစီ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာယူ-၁၅အမျိုးသားအသင်းသည် အုပ်စု (W) တွင် ဂူအမ်၊ ဂါနာ၊ ဘာဟားမားစ်၊ ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန်တို့နှင့် ကျရောက်လျက်ရှိသည်။ မြန်မာအသင်းသည် အုပ်စုပထမပွဲစဉ်အဖြစ် အောက်တိုဘာ ၂၄ ရက်တွင် ဂူအမ်အသင်းနှင့်လည်းကောင်း၊ အောက်တိုဘာ ၂၅ ရက်တွင် ဂါနာအသင်းနှင့်လည်းကောင်း၊ တတိယပွဲစဉ်အဖြစ် ဘာဟားမားစ်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

စတုတ္ထပွဲစဉ်အဖြစ် အောက်တိုဘာ ၂၆ ရက်တွင် ကာဇက်စတန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ ၂၈ ရက်တွင် ဥဇဘက်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

 

နေမျိုး

No comments:

Post a Comment