Monday, September 14, 2026

MSME ကဏ္ဍကို နိုင်ငံတော်ကအလေးထားဆောင်ရွက်နေသည့်အတွက် ဝန်ကြီးဌာနရှိ စက်ရုံများနှင့် တာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မှာကြား

 

နေပြည်တော် စက်တင်ဘာ ၁၃

MSME ကဏ္ဍကို နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့်အတွက် မိမိတို့ဝန်ကြီးဌာနရှိ စက်ရုံများနှင့်တာဝန်ရှိသူအဆင့်ဆင့်အားလုံး ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း MSME ဗဟိုဌာန အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းတာဝန်ခံများနှင့် တွေ့ဆုံစဉ် မှာကြားသည်။

ထို့ပြင် ပြည်သူလူထုကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ပေးနိုင်ရန်၊ ရလဒ်ကို အခြေပြုသည့် စီမံခန့်ခွဲမှုဖြစ်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်များ၊ စက်အရန်ပစ္စည်းများ ကြိုတင်ဝယ်ယူစုဆောင်းထားရှိရန်၊ စက်ရုံများအနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် သတ်မှတ်ကုန်ထုတ်လုပ်မှု လျာထားချက်အတိုင်း ပြည့်မီကျော်လွန်အောင် ထုတ်လုပ်ရန်၊ ပစ္စည်းချင်းတူလျှင် အရည်အသွေးကောင်းမွန်ရမည်၊ အရည်အသွေးချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ထုပ်ပိုးမှုပိုမိုကောင်းမွန်ရမည်ဆိုသည့်အတိုင်း အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြရန်၊ ဒေသတွင်းထုတ်လုပ်မှုကွင်းဆက်ဖြင့် ချိတ်ဆက်နိုင်ခြင်း၊ နည်းပညာနှင့် လုပ်ငန်းအတွေ့အကြုံမျှဝေပေးနိုင်ခြင်းနှင့် လိုအပ်ချက်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခြင်းတို့ဖြင့် ဒေသတွင်းစက်မှုလုပ်ငန်းများကိုပါ ဖွံ့ဖြိုးတိုးတက်လာအောင် ပံ့ပိုးပေးကြရန် မှာကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဦးစီးဌာန/ လုပ်ငန်းတာဝန်ခံများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment