Friday, September 11, 2026

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) ရုံးချုပ်မှ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

 


နေပြည်တော် စက်တင်ဘာ ၁၀

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရုံးချုပ်မှ အပြည်ပြည်ဆိုင်ရာဥပဒေ၊ ကြက်ခြေနီလှုပ်ရှားမှုနှင့် မိတ်ဖက်အဖွဲ့အစည်းများဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Cordula Droege အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ICRC အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားနိုင်ရေး၊ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများကို စနစ်တကျ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment