နေပြည်တော် စက်တင်ဘာ ၁၀
ဌာနပညာရှင်များ၊ သုတေသီများနှင့် တောင်သူများ စဉ်ဆက်မပြတ်ထိတွေ့ပြီး လယ်ယာကဏ္ဍဆိုင်ရာ အခက်အခဲများ ဖော်ထုတ်ဆွေးနွေးခြင်း၊ အဖြေရှာ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်နိုင်ရန် တောင်သူနည်းပညာဆွေးနွေးပွဲများ ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည့် (၁၂၅) ကြိမ်မြောက် ဆွေးနွေးပွဲကို “မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝမီးသွေးအသုံးပြုခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင်
စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာဝါဝါမွန်က “မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဇီဝမီးသွေးအသုံးပြုခြင်း” အကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ရေရှည်တည်တံ့ခိုင်မြဲသော မြေဆီလွှာပြုပြင်ရေးအစီအစဉ်ဖြစ်ရန်အတွက်
ကျေးရွာအခြေပြုသည့် တောင်သူတစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်သောနည်းလမ်းနှင့် စီးပွားဖြစ်
ဇီဝမီးသွေးထုတ်လုပ်သောနည်းလမ်းဖြင့် ဆန်စက်ပိုင်ရှင်များမှ စက်ရုံများတည်ထောင်ကာ စပါးခွံမီးသွေးထုတ်လုပ်သည့်
နည်းပညာများပြန့်ပွားအောင် ဆောင်ရွက်ရန်အတွက် အားလုံးဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ကြရန်
တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲသို့
စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊
မွေးမြူရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ
ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ
သုတေသီပညာရှင်များ၊ ဖိတ်ကြားထားသော တောင်သူကြီးများ စုစုပေါင်း ၁၂၃ ဦးတို့ တက်ရောက်ခဲ့ကြပြီး
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများ ၁၄၇ ဦးတို့က
zoom point ၁၀၆ မှ ပါဝင်တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment