ရန်ကုန် စက်တင်ဘာ ၁၀
Fire Dragon International Futsal Cup 2026 ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်အားကစားရုံ၌ ယှဉ်ပြိုင်ကစားခဲ့ရာ အင်ဒိုနီးရှားကလပ် Black Steel Papua FC နှင့် မြန်မာကလပ် MIU FC တို့ အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်
နံနက် ၁၀ နာရီ ပွဲစဉ်တွင် အင်ဒိုနီးရှားကလပ် Black Steel Papua FC အသင်းက မြန်မာကလပ်
YRG FC အသင်းကို လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
ယင်းနောက် မွန်းတည့် ၁၂ နာရီတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာကလပ်အချင်းချင်း တွေ့ဆုံမှု၌
MIU FC အသင်း က YCDC DREAM TEAM FC အသင်းကို ခြောက်ဂိုး - သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့်
ဗိုလ်လုပွဲတွင် Black Steel Papua FC အသင်းနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များ၏
ပွဲစဉ်အကောင်းဆုံးကစားသမားဆုကို Black Steel Papua FC အသင်းမှ မိုဟာမက် အယ်လ်ဘာဂီရ်နှင့်
MIU FC အသင်းမှ သက်ထွန်းတို့က ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲ၏
ဗိုလ်လုပွဲစဉ်နှင့် တတိယနေရာလုပွဲစဉ်ကို စက်တင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
ဖူဆယ်အားကစားရုံ၌ပင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MFF

No comments:
Post a Comment