ကလော ဩဂုတ် ၃၁
နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းစဉ်များကို ဒေသခံပြည်သူများ သိရှိနားလည်နိုင်ရေး သတင်းအချက်အလက်များ အချိန်မီရရှိစေရန်၊ မှန်ကန်တိကျသည့် သတင်းအချက်အလက်များကို ဒေသခံပြည်သူများထံ ထိရောက်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ယနေ့နံနက်ပိုင်းက ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ်မှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင်
ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး အဆိုပါရုံး၌
ကလေးစာဖတ်ခန်း ခင်းကျင်းပြင်ဆင်ထားရှိမှု၊ ရာဂီမုန်တိုင်းကြောင့် ရုံးပျက်စီးခဲ့မှုများနှင့်
ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့မှုမှတ်တမ်းတို့ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ကလောမြို့နယ်ရုံး အဆောက်အအုံသစ် ဆောက်လုပ်မည့် လျာထားမြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင်
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (ပင်းတယ)
ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက
ဝန်ကြီးဌာန၏ MOI Website ၊ MTube စသည့် အွန်လိုင်းစနစ်များတွင် သတင်းများကို နေ့စဉ်တင်ဆက်ပေးနေမှုများကို
ပြည်သူများ ပိုမိုသိရှိအသုံးပြုနိုင်ရန်အတွက် ရုံး၏ အသိပညာပေးဆိုင်းဘုတ်များတွင်
QR Code များဖြင့် စနစ်တကျမိတ်ဆက်ဆောင်ရွက်ရန်၊ စာကြည့်တိုက်လုပ်ငန်းများ အဆင့်မြှင့်တင်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျေးလက်ဒေသများအထိ ကွင်းဆင်းဆောင်ရွက်သည့် လုပ်ငန်းများကို
ထိထိရောက်ရောက် ကြိုးစားဆောင်ရွက်သွားရန်မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့်
ချီးမြှင့်ငွေများပေးအပ်သည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက်
MRTV DTH စလောင်း (၁၀) စုံနှင့် CANAL+ ၁၀ စုံတို့ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့ ဥက္ကဋ္ဌထံ ပေးအပ်ခဲ့သည်။
ထို့နောက် ပင်းတယမြို့ရှိ
Forever Yay Wati ကုမ္ပဏီလီမိတက်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
စိမ်းလန်းစိုပြည်ရေးကို အခြေခံ၍ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်မှုလုပ်ငန်းများအတွက်
စတူဒီယိုများထူထောင်ခြင်း စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ စီမံကိန်း
ဒါရိုက်တာက လုပ်ငန်းနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment