Saturday, September 12, 2026

ဝေါမြို့နယ်၌ ငွေကျပ် ၃၆၇၅ သိန်း တန်ဖိုးနှင့် ကျိုင်းတုံမြို့နယ်၌ ငွေကျပ်သိန်း ၂၃၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

 



နေပြည်တော် စက်တင်ဘာ ၁၁

 ဝေါမြို့နယ်တွင် ငွေကျပ် ၃၆၇၅ သိန်းတန်ဖိုးနှင့် ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၂၃၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိပြီး တရားခံများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဝေါမြို့နယ် ညောင်ခါးရှည်ရွာအနီးတွင် စမ်းချောင်းမြို့နယ် လင်းလွန်းရပ်ကွက်နေ သိန်းစိုး (ခ) ရာဂျား (၄၃) နှစ် မောင်းနှင်ပြီး ပြင်ဦးလွင်မြို့ ဉာဏ်တော ရပ်ကွက်နေ ကျော်ကျော်ထွေး (ခ) ရာဝီး (၄၁) နှစ် လိုက်ပါလာသော Toyota Probox မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူဘလောက်တုံးအလေးချိန် ၁၀ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၃၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ကျပ် ၃၆၇၅ သိန်း) ဖမ်းဆီးရမိသဖြင့် သိန်းစိုး (ခ) ရာဂျားနှင့် ကျော်ကျော်ထွေး (ခ) ရာဝီးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

အလားတူ စက်တင်ဘာ ၉ ရက် ည ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကျိုင်းတုံမြို့နယ် တောင်ခြေရွာအနီး ကျိုင်းတုံ-တောင်ကြီး သွားကားလမ်းတွင် ကျိုင်းတုံမြို့နယ် ဒေလီ (ခ) မီးဘန့်ရွာနေ လော်ဘယ် (၄၀) နှစ် မောင်းနှင်ပြီး တုံတာမြို့ ခမ်းပေါ့ရွာနေ ကျဝ (၅၅) နှစ် လိုက်ပါလာသော Honda Wave ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ရှေ့ခွကြားရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွဆေးပြား ၄၆၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၂၃၀၀) ဖမ်းဆီးရမိသဖြင့် လော်ဘယ်နှင့် ကျဝတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment