နေပြည်တော် စက်တင်ဘာ ၄
မြန်မာ- အိန္ဒိယလွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်း၊ အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးချစ်ဆွေ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ အထောက်အကူပြုဝန်ထမ်းများ ပါဝင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ ပါလီမန်၌ စက်တင်ဘာ ၁ ရက် မှ ၈ ရက်အထိ ကျင်းပသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ် (Capacity Development Programme) သို့ ပါဝင်တက်ရောက်လျက်ရှိသည်။
ပါဝင်ဆွေးနွေး
ထိုသို့ တက်ရောက်နေစဉ်အတွင်း မြန်မာလွှတ်တော်
ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင် ပါလီမန်၏အခန်းကဏ္ဍနှင့်
ဥပဒေပြုရေး၊ ကော်မတီစနစ်များ၊ ဘဏ္ဍာ ရေးဆိုင်ရာကော်မတီများ၊ မိမိမဲဆန္ဒနယ်မြေများတွင်
စီမံခန့်ခွဲမှု၊ ပြည်နယ်ဥပဒေပြုအပါအဝင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ရေးနှင့် ပါလီမန်ကိုယ်စားလှယ်များ၏
ဒေသဖွံ့ဖြိုးရေး MPLADS ယန္တရားနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများနှင့်
စပ်လျဉ်းသည့် မျှဝေဆွေးနွေးခြင်း အစီအစဉ်များတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် Parliament House ၌ အိန္ဒိယအောက်လွှတ်တော်
Lok Sabha ဥက္ကဋ္ဌ Mr. Shri Om Birla နှင့် သွားရောက်တွေ့ဆုံဆွေးနွေးပြီး ပါလီမန်အဆောက်အအုံများ၊
စာကြည့်တိုက်နှင့် အနုပညာပြတိုက်များကိုလည်း သွားရောက်လေ့လာကြသည်။
ထိုသို့ လေ့လာရေးခရီးစဉ် သွားရောက်ခြင်းဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏
စွမ်းဆောင်ရည်များ ပိုမိုမြင့်မားတိုးတက်လာပြီး လွှတ်တော်လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို
အထောက်အကူပြုမည် ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment