Friday, September 4, 2026

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ဖလမ်းခရိုင်နှင့် မြို့နယ်အဆင့် ဌာန ၃၉ ခုမှ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အဆောက်အအုံ ၂၀၈ ခုကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုခွင့်ပြုရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်

 

ဖလမ်း စက်တင်ဘာ ၃

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် ဖလမ်းခရိုင်နှင့် မြို့နယ်အဆင့်ဌာန ၃၉ ခုမှ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အဆောက်အအုံ ၂၀၈ ခုကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ခွင့်ပြုရန်ပုံငွေကျပ် ၉၆၀၁ ဒသမ ၂၆၈၂၇ သန်းဖြင့် ကုမ္ပဏီ ၁၄၈ ခုက ပြုပြင်ခြင်းလုပ်ငန်းများကို ဩဂုတ် ၃ ရက်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ရှိ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ထို့ပြင် ပြုပြင်ရန်ကျန်ရှိသည့် တစ်စိတ်တစ်ပိုင်းပျက်စီးသည့် အဆောက်အအုံ ၅၀ နှင့် အလုံးစုံပျက်စီးသည့် အဆောက်အအုံ ၇၂ ခုတို့ကို သက်ဆိုင်ရာဌာန အစီအစဉ်ဖြင့် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းအဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးသည် ချင်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်အတူ ဖလမ်းခရိုင်နှင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဖလမ်းမြို့နယ်မီးသတ်ဦးစီးဌာန ရုံးအဆောက်အအုံ ပြန်လည်ပြုပြင်နေမှု၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဖလမ်းမြို့ပြည်သူ့ဆေးရုံဝင်းအတွင်း အပျက်အစီးများ ရှင်းလင်းပြီးစီးမှု၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းဆောင်ပြန်လည်ပြုပြင်နေမှု၊ ခရိုင်လမ်းဦးစီးဌာနရုံး အဆောက်အအုံ ပြန်လည်ပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မြို့တော်ခန်းမ၌ ဖွင့်လှစ်ထားသည့် ဖလမ်းမြို့ယာယီဆေးရုံတွင် ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး ပြည်သူများအား ကျန်းမာ‌ရေး စောင့်ရှောက်မှုပေးနေသည့် အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment