ရန်ကုန် စက်တင်ဘာ ၁၈
နီကာရာဂွါ သမ္မတနိုင်ငံ၏ (၂၀၅) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်၌ကျင်းပရာ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့်ဇနီးတို့ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီး H.E. Mr. Segundo Martin Calero Escorcia နှင့် တာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် နီကာရာဂွါသမ္မတ နိုင်ငံနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါနိုင်ငံ သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ အခြေစိုက်နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ သံတမန်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment