Saturday, September 19, 2026

ရန်ကုန်မြို့ ရွှေထွဋ်တင်(Hexagon Complex) ၌ ဂဏေရှ်ပွဲတော် ကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၁၈

ဂဏေရှ်ပွဲတော် (ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုနှင့် လူမှုအသိုက်အဝန်းပွဲတော်)ကို ယနေ့နံနက် ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင် (Hexagon Complex)၌ ကျင်းပသည်။

ပွဲတော်တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H. E. Mr. Abahay Thakur က အမှာစကားပြောကြားပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဧည့်သည်တော်များက ဆုတောင်းမေတ္တာပို့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့်ပွဲတော်သည် မြန်မာနိုင်ငံရှိ ဟိန္ဒူ ဘာသာဝင်များအတွက် ဘာသာရေးနှင့်ယဉ်ကျေးမှုအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းနိုင်သည့် အခမ်းအနားကောင်းတစ်ရပ်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများ ပိုမိုတိုးတက်ခိုင်မာစေပါကြောင်း ပြောကြားပြီး အိန္ဒိယယဉ်ကျေးမှုအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြကြောင်း သိရ သည်။

သတင်းစဉ်

No comments:

Post a Comment