နေပြည်တော် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း ရေဖြတ်သန်းစီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော်လည်း
ကျုံပျော်မြို့နယ်၌ ငဝန်မြစ်ရေသည် ဩဂုတ် ၃၀ ရက်က ရှစ်ပေ တစ်လက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး
ယနေ့တွင် ခုနစ်ပေ သုံးလက်မခန့်သာကျန်ရှိသဖြင့် ၁၀ လက်မခန့် ကျဆင်းသွားကြောင်း၊ ကျောင်းကုန်းမြို့နယ်၌
ငဝန်မြစ်ရေသည် ဩဂုတ် ၃၀ ရက်က ခုနစ်ပေ တစ်လက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင်
ခြောက်ပေ ငါးလက်မခန့်သာ ကျန်ရှိသဖြင့် ရှစ်လက်မခန့် ကျဆင်းသွားခဲ့ကြောင်း၊ ငါးသိုင်းချောင်းမြို့နယ်၌
ငဝန်မြစ်ရေသည် ဩဂုတ် ၂၃ ရက်က ၁၀ ပေ ကိုးလက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင်
ရှစ်ပေငါးလက်မခန့် သာကျန်ရှိသဖြင့် နှစ်ပေလေးလက်မခန့်အထိ ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။
ဝိုင်းဝန်းကူညီဆောင်ရွက်
ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊
ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများတွင်
တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်
ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်း များရှိ
ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊
အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့်
ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ငဝန်ပန်းတာ ရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက်
နည်းပညာများအသုံးပြု၍ Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ကာကွယ်ခြင်းနှင့်
Steel Sheet Pile ရိုက်သွင်းခြင်း စသည့်ငဝန်ပန်းတာတမံ နိမ့်ကျနေရာများ ပြန်လည်ခိုင်မာရေးလုပ်ငန်းများကို
စက်ယန္တရားများနှင့် လုပ်အားစုများအသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment