Tuesday, August 25, 2026

ဒုတိယဝန်ကြီး ဦးကိုကိုကျော် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဩဂုတ် ၂၄

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ် Mr. Peter John Cross အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာအစိုးရနှင့်ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံးအကြား လက်ရှိပူးပေါင်း ဆောင်ရွက်နေမှုများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 တင်းစဉ်

No comments:

Post a Comment