နေပြည်တော် ဩဂုတ် ၂၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် ငါးသိုင်းချောင်းမြို့သို့ Stand Pipe များရောက်ရှိလာသည့် အခြေအနေနှင့် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး မြစ်ရေစီးကျော်ဝင်သည့် နေရာတွင် Steel Sheet Pile ၊ Stand Pipe များ ရိုက်၍ ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အရှည်ခြောက်မီတာ၊ အချင်း ၁ ဒသမ ၃၅ မီတာ Stand Pipe ၂၄ လုံး
ငါးသိုင်းချောင်းမြို့သို့ ရောက်ရှိလာသည့် အခြေအနေများကို ကြည့်ရှုပြီး လေးမျက်နှာမြို့နယ်ရှိ
ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး
မြစ်ရေစီးကျော်ဝင်သည့်နေရာသို့ ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန
တံတားအထူးအဖွဲ့ (၁၅) နှင့် တံတားအထူးအဖွဲ့ (၁၆) တို့မှ Steel Sheet Pile ၊ Stand Pipe ရိုက်သွင်းပြီးစီးခဲ့မှုအခြေအနေများ၊ Barge
ရေယာဉ်ပေါ်တွင် Steel Sheet Pile ၊ Stand
Pipe ဆက်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Steel
Sheet Pile ၊ Stand Pipe များ၏ အောက်ခြေသို့
ကျောက်ခြင်းများနှင့် သဲအိတ်များ ချခြင်းတို့ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့ကို
ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စီမံချက်အတိုင်း လုပ်ငန်းများပြီးစီးအောင်ဆောင်ရွက်သွားရန်၊
ဝန်ထမ်းများနှင့် စက်၊ ယာဉ်/ ယန္တရားများဖြစ်သည့် ကရိန်းများ၊ တွန်းသင်္ဘောနှင့် Barge
တွဲများ စသည်တို့ ထိခိုက်မှုမရှိအောင် စနစ်တကျဆောင်ရွက်ကြရန်၊
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားဆောင်ရွက်ရန်၊ ရေစီးအားပေါ်မူတည်၍ Steel
Sheet Pile ၊ Stand Pipe များ ရိုက်သွင်းခြင်းကို
ဆက်လက်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ အချိန်တိုအတွင်းပြီးစီးရေး စွမ်းစွမ်းတမံဆောင်ရွက်ကြရန်၊
လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ
တင်ပြသွားရန်တို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ
တာတမံကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းသုံးပစ္စည်းများ
တပ်ဆင်ဆောင်ရွက်နေမှုတို့ကို အသေးစိတ်လိုက်လံ ကြည့်ရှုစစ်ဆေးသည်။
လေးမျက်နှာမြို့နယ်ရှိ
ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍
တာတမံနိမ့်ကျမှုဖြစ်ပွားပြီး မြစ်ရေစီးကျော်ဝင်သည့် နေရာသို့ ဩဂုတ် ၁၈ ရက်တွင်
အရှည် ၁၂ မီတာ၊ အချင်း ၁ ဒသမ ၃၅ မီတာ ရှစ်လုံး၊ အရှည်ခြောက်မီတာ၊ အချင်း ၁ ဒသမ ၃၅
မီတာနှစ်လုံး၊ ဩဂုတ် ၁၉ ရက်တွင် အရှည် ၁၂ မီတာ၊ အချင်း ၁ ဒသမ ၃၅ မီတာကိုးလုံး၊ အရှည်ခြောက်မီတာ၊
အချင်း ၁ ဒသမ ၃၅ မီတာခြောက်လုံးနှင့် ဩဂုတ် ၂၂ ရက်တွင် အရှည်ခြောက်မီတာ၊ အချင်း ၁
ဒသမ ၃၅ မီတာ၂၄ လုံး စုစုပေါင်း Stand Pipe ၄၉ လုံးသည် လုပ်ငန်း ခွင်သို့ရောက်ရှိပြီး အရှည် ၁၂
မီတာ၊ အချင်း ၁ ဒသမ ၃၅ မီတာ Stand Pipe သုံးလုံးကို ရိုက်သွင်း
ပြီးဖြစ်သည်။ Steel Sheet Pile ၊ Stand Pipe များကြားတွင် ဖြည့်သွင်းမည့် သဲများနှင့် အိတ်များ တင်ဆောင်လာသည့် Barge
တွဲယာဉ်များလည်း လုပ်ငန်းခွင်သို့ ရောက်ရှိနေပြီဖြစ်သည်။
ရိုက်သွင်းထားပြီးဖြစ်သည့် Steel Sheet Pile၊ Stand
Pipe များကို ပိုမိုခိုင်ခံ့စေရန်အတွက် H beam 400 mm x 400
mm တို့ဖြင့် ကျားကန်/ဒေါက်ကန်ပြီး သဲအိတ်များ ဖြည့်သွင်း၍
အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကာ တာတမံကာရံခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရန်
စီမံဆောင်ရွက်သွားမည်ဖြစ်သည်။
သတင်းစဉ်

No comments:
Post a Comment