နေပြည်တော် ဩဂုတ် ၂၂
(၅၉) နှစ်မြောက် အာဆီယံနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ် အာဆီယံအားကစားနေ့ (ASEAN Sports Day) အထိမ်းအမှတ် အားကစားလှုပ်ရှားဆောင်ရွက်မှုအဖြစ် စုပေါင်းလမ်းလျှောက်ခြင်းနှင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင်
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးရဲမြင့်ထွန်းက အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဦးညီညီနှင့်
တက်ရောက်လာကြသူများနှင့်အတူ အာဆီယံအားကစားနေ့ (ASEAN Sports Day) အထိမ်းအမှတ်အဖြစ်
ဝဏ္ဏသိဒ္ဓိအားကစားကွင်းဘောလုံးကွင်းပတ်လမ်းအတိုင်း စုပေါင်းလမ်းလျှောက်ကြသည်။
ထို့ပြင်
အားကစားလှုပ်ရှားဆောင်ရွက်မှုများအဖြစ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲ ကျား/မ မီတာ
၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ၊ ၈ဝဝ၊ အပြေးပြိုင်ပွဲမီတာ ၂ဝဝ နှင့် မီတာ ၄ဝဝ
လက်ဆင့်ကမ်းပြိုင်ပွဲများနှင့် ရိုးရာအားကစားနည်းဖြစ်သည့် လွန်ဆွဲပြိုင်ပွဲများကို
ကျင်းပခဲ့သည်။
ပြိုင်ပွဲများအပြီးတွင်
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က သက်ဆိုင်ရာပြိုင်ပွဲအလိုက် ဆုရရှိခဲ့ကြသူများ၊
အာဆီယံနှင့်စပ်လျဉ်းသည့် ဉာဏ်စမ်းမေးခွန်းများကို မှန်ကန်စွာ ဖြေဆိုနိုင်သူများအား
အမှတ်တရဆုလက်ဆောင်များ ပေးအပ်ကြပြီး (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့
ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် Gold Camp မှ
မြားပစ်အားကစားသမားများ၏ လေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးကာ လေ့ကျင့်မှုတွင်
ရမှတ်အများဆုံးရရှိသည့် Recurve နှင့် Compound အားကစားသမားနှစ်ဦးအား ဂုဏ်ပြုဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment