နေပြည်တော် ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတွင် ငဝန်မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး မြစ်ရေစီးကျော်ဝင်သည့် နေရာတွင် Stand Pipe များရိုက်၍ ကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများကို ယမန်နေ့နံနက်ပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည်တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြစ်ရေစီးကျော်ဝင်သည့်နေရာတွင် Stand Pipe ရိုက်၍ ကာရံခြင်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်၌ နိမ့်ကျတာ၏ တစ်ဖက်စီမှ နှစ်ဖက်ပြိုင်တူ Stand Pipe များ ဆက်လက်ရိုက်နိုင်ရန်အတွက် စက်၊ ယာဉ်/ ယန္တရားများဖြစ်သည့် ကရိန်းများ၊ တွန်းသင်္ဘောနှင့် Barge တွဲ စသည်တို့ကို နေရာချထားမှု၊ တာတမံကာရံပိတ်ဆို့ရန်အတွက် ကရိန်းများဖြင့် သဲအိတ်များချ ခြင်း၊ ရိုက်သွင်းထားပြီးဖြစ်သည့် Stand Pipe များ ပိုမိုခိုင်ခံ့စေရန် H beam 400 mm x 400 mm များဖြင့် ကျားကန်/ ဒေါက်ကန်၍ အားဖြည့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ Barge တွဲများပေါ်တွင် Steel Sheet Pile နှင့် Stand Pipe များ Welding တွဲဆက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ Split Barge သောင်တူးသင်္ဘော ရောက် ရှိမှုနှင့် Stand Pipe ရိုက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး Steel Sheet Pile နှင့် Stand Pipe များ ရိုက်သွင်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရန်နှင့် လုပ်ငန်းများအချိန်တို အတွင်းပြီးစီးရေး တွန်းအားပေးဆောင်ရွက်ကြရန်တို့ကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ဗိုလ်မြတ်ထွန်းတံတားရှိ တောင်တန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားကွန်ရက် များအခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မိုးများသော ဒေသဖြစ်သည့်အတွက် မိုးရာသီတွင် လမ်းပေါ်ရေများမတင်စေရေး ဆောင်ရွက်သွားရန်၊ လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်သွားရန်နှင့် လမ်းဘေး ဝဲ/ ယာတွင် ချုံနွယ်၊ မြက်ပင်များ ရှင်းလင်းဆောင်ရွက်သွားရန် မှာကြားသည်။
ထို့ပြင် အမှတ်(၃) လမ်းဆုံ တိုးလ်ဂိတ်နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ၁၁၅ မိုင် (ဖြူး)တိုးလ်ဂိတ်၊ နေပြည်တော်စီလမ်းဆုံတိုးလ်ဂိတ်တို့တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှု၊ လမ်းအသုံးပြုခ ကောက်ခံရရှိမှု၊ တိုးလ်ဂိတ်အဆောက်အအုံ၊ CCTV အခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ကောက်ခံရရှိမှု စာရင်းဇယားများကို မှန်ကန်မှုရှိစေရေး၊ သတ်မှတ်တန်ချိန်များအတိုင်း သွားလာနိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment