Thursday, August 27, 2026

Polytechnic University ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့က Project Show များ ကျင်းပ

 


နေပြည်တော် ဩဂုတ် ၂၆

အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ Polytechnic University ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့က Project Show များကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ် ၁၆ ခုတို့က သက်ဆိုင်ရာဘာသာရပ်နယ်ပယ်အလိုက် Project Show များ ကျင်းပခဲ့ပြီး ကျန်ရှိသည့် တက္ကသိုလ်များကလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက Naypyitaw State Polytechnic University ၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် Engineering and ICT Project Show ၊ 2026 ကို ကျင်းပခဲ့ပြီး Artificial Intelligence ၊ IoT၊ Smart Automation & Embedded Systems ၊ Green Technology ၊ Sustainable Engineering & Smart Agriculture ၊ Robotics ၊ Mechatronics & Autonomous Systems ၊ Software Engineering၊ Architectural Design နှင့် Assistive Technologies & Public Welfare စသည့် ဘာသာရပ်နယ်ပယ် ခုနစ်ခုအတွက် Project စုစုပေါင်း ၉၄ ခုကို ခင်းကျင်းပြသခဲ့သည်။

အဆိုပါပြပွဲကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (နေပြည်တော်)၊ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (နေပြည်တော်)တို့မှ ဥက္ကဋ္ဌများနှင့် အင်ဂျင်နီယာပညာရှင်များ ကြည့်ရှုအားပေးကြပြီး ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ခင်းကျင်းပြသထားသည့် Project များကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တက္ကသိုလ်များ၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် ဥတ္တရသီရိမြို့နယ် အထက (၁၂)မှ အခြေခံပညာ ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

အလားတူ ယနေ့တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌လည်း UCSY Product Show and Job Fair 2026 ကို ကျင်းပရာ Software engineering ၊ AI ၊ IoT ၊ Image Processing ၊ Networking ဘာသာရပ်နယ်ပယ်များနှင့် သက်ဆိုင်သော Undergraduate Project ၆၃ ခု၊ Post Graduate Project ၁၂ ခု စုစုပေါင်း Project ၇၅ ခု ကို ပြသရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပညာရှင်များ ကြည့်ရှုအားပေးကြပြီး အလုပ်အကိုင်အခွင့်အလမ်းများအတွက် ကုမ္ပဏီ ၁၆ ခုကလည်း လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သတင်းစဉ် 

No comments:

Post a Comment