Sunday, August 23, 2026

MSME များနှင့် ဦးစားပေးကဏ္ဍများ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

 



နေပြည်တော် ဩဂုတ် ၂၂

Agro-based Industries များ၊ MSMEs တွင် Digital PlatformsDigital Payments များအပြင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သမားရိုးကျစနစ်များအစား ဒီဂျစ်တယ်အသွင်သို့ ကူးပြောင်းရာတွင် AI အပါအဝင် ထွန်းသစ်စဒီဂျစ်တယ်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင်ခြင်း၊ ဒီဂျစ်တယ်စွမ်းရည်များနှင့် အသိပညာမြှင့်တင်ခြင်း၊ ပြိုင်ပွဲများနှင့် ဆွေးနွေးပွဲများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ယမန်နေ့မွန်းလွဲပိုင်းက စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၏ MSMEများ နှင့် ဦးစားပေးကဏ္ဍများ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်း ကော်မတီအစည်းအဝေး (၁/၂၀၂၆) တွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များက ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများတွင် MSMEs နှင့် ဦးစားပေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဒီဂျစ်တယ်နည်းပညာဆိုင်ရာ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment