ရန်ကုန် ဩဂုတ် ၂၁
အာဆီယံ Hyundai Cup 2026 ဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်အဖြစ် ဩဂုတ် ၂၂ ရက်တွင် ဗန်ကောက်မြို့ ရာဇမင်္ဂလာကွင်း၌ ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဗီယက်နမ်အသင်းသည်
၂၀၀၈၊ ၂၀၁၈ နှင့် ၂၀၂၄ ခုနှစ်များတွင် ချန်ပီယံဖြစ်ခဲ့ဖူးသော်လည်း ဆက်တိုက်ချန်ပီယံဆု
ကာကွယ်နိုင်ခဲ့ခြင်းမရှိသေးသဖြင့် ယခုပွဲတွင် သမိုင်းသစ်စိုက်ထူရန် မျှော်လင့်ချက်ထားလျက်ရှိသည်။
ရာဇမင်္ဂလာကွင်းသည်
ဗီယက်နမ်အသင်းအတွက် အမှတ်တရကောင်းများရှိသည့် ကွင်းတစ်ခုဖြစ်သည်။ ၂၀၀၈ ခုနှစ် ဗိုလ်လုပွဲတွင်
သရေရလဒ်ဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဗိုလ်လုပွဲတွင်လည်း သုံးဂိုး - နှစ်ဂိုးဖြင့်
အနိုင်ရရှိခဲ့ဖူးသည်။ ထိုကြောင့် အဆိုပါကွင်း၌ အစဉ်အလာကောင်းများရှိခဲ့သည့် ဗီယက်နမ်အသင်းသည်
ယခုပွဲစဉ်အတွက်လည်း ယုံကြည်မှုမြင့်မားလျက်ရှိသည်။
ဂိုးသွင်းအများဆုံးစာရင်းထိပ်ဆုံးမှ
ငုယင်ရှန်ဆွန်နှင့် ငုယင်ဒင်ဘက်တို့၏ တိုက်စစ်အတွဲမှာ အထူးခြေစွမ်းပြနေပြီး ပြိုင်ပွဲ၏
အကောင်းဆုံးကစားသမား (MVP) ဆုအတွက်ပါ ရေပန်းစားနေသည်။
ဗီယက်နမ်အသင်းသည်
ကိုရီးယားနိုင်ငံတွင် စခန်းသွင်းလေ့ကျင့်ကာ စနစ်တကျပြင်ဆင်ထားပြီး ပထမအကျော့အဝေးကွင်းပွဲစဉ်တွင်
ရလဒ်ကောင်းရယူကာ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်၌ ပရိသတ်များရှေ့တွင် ချန်ပီယံဆုအောင်ပွဲခံနိုင်ရန်
ပြင်ဆင်ထားသည်။
ထိုင်းအသင်းသည်
၁၉၉၆ စတင်ချိန်မှစ၍ ချန်ပီယံဆု ၇ ကြိမ်၊ ဒုတိယဆု ၄ ကြိမ်ဖြင့် ပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေပြီး
ယခုနှစ်တွင် ၈ ကြိမ်မြောက်သရဖူကို ရယူရန်အကောင်းဆုံးပြင်ဆင်ထားသည်။
၂၀၂၂ ခုနှစ်တွင်
ထိုင်းက ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၂၄ တွင် ဗီယက်နမ်က အနိုင်ရရှိခဲ့သဖြင့် ယခုနှစ်ဗိုလ်လုပွဲသည်
နှစ်နိုင်ငံကြား တတိယမြောက် ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည်။
ထိုင်းအသင်းသည်
ဗိုလ်လုပွဲပထမအကျော့ပွဲစဉ်ကို အိမ်ကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ချန်ပီယံဆုရယူနိုင်ရေး
မျှော်လင့်ချက်အပြည့်ဖြင့် ရင်ဆိုင်ကစားမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-VOV

No comments:
Post a Comment