Saturday, August 22, 2026

ကမ္ဘာ့အဆင့် FIFA U-15 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၅ လက်ရွေးစင်ရွေးချယ်ပွဲကျင်းပမည်

 


ရန်ကုန် ဩဂုတ် ၂၁

၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် FIFA U-15 World Cup and Festival ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းကို အကောင်းဆုံးဖွဲ့စည်းနိုင်ရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကစားသမားရွေးချယ်ပွဲ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ လူရွေးချယ်ပွဲသို့ ရန်ကုန်နှင့် မန္တလေး Open Try Out စနစ်မှ ရွေးချယ်ထားသူများအပြင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် နေပြည်တော် RTC တို့တွင် ကျင်းပခဲ့သည့် FIFA/ MFF U-15 LEAGUE 2026 ပြိုင်ပွဲများမှ ရွေးချယ်ခံထားရသော လူငယ်ကစားသမားများ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကစားသမားများအနေဖြင့် သြဂုတ် ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသားဘောလုံးအကယ်ဒမီသို့ ရုံးချိန်အတွင်း လာရောက်သတင်းပို့ရမည်ဖြစ်သည်။ လူရွေးချယ်ပွဲကို သြဂုတ် ၂၇ ရက်မှ ၂၈ ရက်အထိ အမျိုးသားဘောလုံးအကယ်ဒမီကွင်း၌ 8 vs 8 Competition စနစ်ဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ပဏာမကစားသမား ၃၂ ဦးစာရင်းကို သြဂုတ် ၃၁ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-YUFC

No comments:

Post a Comment