နေပြည်တော် ဩဂုတ် ၁၃
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Nguyen Anh Duc အား ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌လက်ခံတွေ့ဆုံပြီး အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့ပြင် နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာတည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ထောင်ထားရှိသည့် ယန္တရားများ ပြန်လည်စတင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment