Friday, August 14, 2026

မြန်မာ- ဗီယက်နမ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေး ဆွေးနွေး


နေပြည်တော် ဩဂုတ် ၁၃

မြန်မာ - ဗီယက်နမ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးနှင့် လက်ရှိဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအပြင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် ရန်ကုန်မြို့အခြေစိုက် ဗီယက်နမ်သံရုံးမှ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment