ရန်ကုန် ဩဂုတ် ၁၅
မျိုးဆက်သစ်ရိုးရာလက်ဝှေ့အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစား အဆင့်အတန်း ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင် ဒေသကြီးနှင့် ပြည်နယ်ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူ ရိုးရာလက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပသည်။
ကွာတားဖိုင်နယ်ပြိုင်ပွဲ
ပွဲစဉ်များအဖြစ် အမျိုးသား ၆၀ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၆၃ ဒသမ ၅ ကီလို
လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလို (ဂ အဆင့်) ပြိုင်ပွဲ၊ အမျိုးသား ၆၇ ကီလို (ဂ
အဆင့်) ပြိုင်ပွဲ၊ အမျိုးသမီး ၅၄ ကီလိုပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့သည်။
တိုင်းဒေသကြီးနှင့်
ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား
၆၀ ကီလိုလူသစ်တန်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ရာဇာထွန်း (အနီ) နှင့်
ကရင်ပြည်နယ်အသင်းမှ လှိုင်မျိုးထွန်း (အပြာ) တို့ ယှဉ်ပြိုင်ရာ လှိုင်မျိုးထွန်း (အပြာ)
ကလည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဝေါယောဇက် (အနီ) နှင့် မွန်ပြည်နယ်အသင်းမှ
လွင်ထူးစံ (အပြာ) တို့ ယှဉ်ပြိုင်ရာ လွင်ထူးစံ (အပြာ) ကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ
ခန့်ဇင်ကျော် (အနီ) နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ သန်းလင်းအောင် (အပြာ) တို့ ယှဉ်ပြိုင်ရာ
သန်းလင်းအောင် (အပြာ) ကလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သူထူးအောင် (အနီ)
နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ သန်းဇော်ဦး (အပြာ) တို့ ယှဉ်ပြိုင်ရာ သန်းဇော်ဦး
(အပြာ)က လည်းကောင်း၊ အမျိုးသား ၆၃ ဒသမ ၅ ကီလို လူသစ်တန်းပြိုင်ပွဲတွင် မန္တလေးတိုင်း
ဒေသကြီးအသင်းမှ ကောင်းခန့်ဇော် (အနီ) နှင့် ကရင်ပြည်နယ်အသင်းမှ အောင်ခန့်ဖြိုး(အပြာ)တို့
ယှဉ်ပြိုင်ရာ ကောင်းခန့်ဇော် (အနီ) ကလည်းကောင်း၊ ကယားပြည်နယ်အသင်းမှ ဘတ်နက် ဒက်ဂျန်း
(အနီ) နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ မင်းခန့်ဇော် (အပြာ) တို့ ယှဉ်ပြိုင်ရာ မင်းခန့်ဇော်
(အပြာ) ကလည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ မင်းခန့်သူ (အနီ) နှင့် မွန်ပြည်နယ်အသင်းမှ
စရဲမြင့်အေး (အပြာ) တို့ ယှဉ်ပြိုင်ရာ စရဲမြင့်အေး (အပြာ) ကလည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ
အောင်အောင်ဟိန်း (အနီ) နှင့် ပဲခူးတိုင်းဒေသကြီးအသင်းမှ လွင်ကိုကိုထက် (အပြာ) တို့
ယှဉ်ပြိုင် ရာ လွင်ကိုကိုထက် (အပြာ) ကလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ထို့ပြင် အမျိုးသား
၅၄ ကီလို (ဂ အဆင့်) ပြိုင်ပွဲတွင် ချင်းပြည်နယ်အသင်းမှ ဟာခေါဂေ (အနီ) နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ
အောင်ကျော်ကျော် (အပြာ) တို့ ယှဉ်ပြိုင်ရာ အောင်ကျော်ကျော် (အပြာ) ကလည်းကောင်း၊ ကချင်ပြည်နယ်အသင်းမှ
ပြည့်ညီညီအောင် (အနီ) နှင့် မွန်ပြည်နယ် အသင်းမှ စောပြည့်စုံဖြိုး (အပြာ) တို့ယှဉ်ပြိုင်ရာ
စောပြည့်စုံဖြိုး (အပြာ) ကလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းမှ အံ့ထူးခန့် (အနီ)
နှင့် ရှမ်းပြည်နယ်အသင်းမှ မင်းသူရှိန် (အပြာ) တို့ ယှဉ်ပြိုင်ရာ အံ့ထူးခန့် (အနီ)
က လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ စောပစော်ဖော(အနီ)နှင့် ကယားပြည်နယ်အသင်းမှ ထွန်းထွန်းနိုင်
(အပြာ) တို့ ယှဉ်ပြိုင်ရာ စောပစော်ဖော (အနီ) ကလည်း ကောင်း၊ အမျိုးသား ၆၇ ကီလို (ဂ အဆင့်)
တွင် မွန်ပြည်နယ်အသင်းမှ အောင်ကျော်မျိုး (အနီ) နှင့် မန္တလေးတိုင်းဒေသကြီးအသင်းမှ
နန္ဒ (အပြာ) တို့ယှဉ်ပြိုင်ရာ နန္ဒ (အပြာ) ကလည်းကောင်း၊ ကချင် ပြည်နယ်အသင်းမှ လမိုင်ဗျင်းအောင်
(အနီ) နှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ဟိန်းထက် (အပြာ) တို့ယှဉ်ပြိုင်ရာ ဟိန်းထက်
(အပြာ) ကလည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ အောင်သန်းဇော်မြင့် (အနီ) နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ
အောင်ဟိန်းစွမ်း (အပြာ) တို့ ယှဉ်ပြိုင်ရာ အောင်သန်း ဇော်မြင့် (အနီ) ကလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အလားတူ အမျိုးသမီး
၅၄ ကီလိုပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ နန်းနွဲ့နွဲ့နှောင် (အနီ) နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ
သဉ္စာမင်း (အပြာ) တို့ ယှဉ်ပြိုင်ရာ နန်းနွဲ့နွဲ့နှောင် (အနီ) ကလည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ
ထက်ထက်ဝေ (အနီ) နှင့် ကယားပြည်နယ်အသင်းမှ ကော်ရက်တီ (အပြာ) တို့ ယှဉ်ပြိုင်ရာ ကော်ရက်တီ
(အပြာ) ကလည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ဩဂုတ် ၁၆ ရက်
ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် အမျိုးသား ၅၁ ကီလို လူသစ်တန်းပြိုင်ပွဲ၊
အမျိုးသား ၅၄ ကီလို လူသစ်တန်းပြိုင်ပွဲ၊ အမျိုးသား ၅၇ ကီလို လူသစ်တန်း ပြိုင်ပွဲ၊ အမျိုးသား
၅၇ ကီလို (ဂ အဆင့်) ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ရာ အားကစား ဝါသနာရှင်များ
မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment