Sunday, August 23, 2026

ဖလမ်းမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 



ဖလမ်း ဩဂုတ် ၂၂

ဖလမ်းမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုပေါင်း၍ ကလေး-ဖလမ်း-ဟားခါးလမ်းမကြီး၊ ဖလမ်းမြို့တွင်း လမ်းပိုင်း၊ ဗိုလ်ချုပ်လမ်းမတစ်လျှောက်လမ်းဘေးဝဲယာ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသူများအား မုန့်နှင့် အချိုရည်များ ပေးအပ်ကြသည်။

အလားတူ တီးတိန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် တီးတိန်မြို့ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ ပါဝင်သည့် စုပေါင်းလုပ်အားပေးအဖွဲ့က လွယ်ဘွာလ်ရပ်ကွက်ကမ်းဟောက်လမ်းမကြီးနှင့် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ ချုံနွယ်ပိတ်ပေါင်းခုတ်ထွင်ရှင်းလင်းနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့အတူ တွန်းဇံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် တွန်းဇံမြို့ သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ခေါဝုန်ရပ်ကွက်နှင့် လေးဆန်ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment