နေပြည်တော် ဩဂုတ် ၂၂
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အကြိမ် (၂၀) မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (20th ASEAN Navy Chiefs’ Meeting – 20th ANCM) သို့ တက်ရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် အဖွဲ့ဝင်များက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါခရီးစဉ်အတွင်း
ကာကွယ်ရေးဦးစီးချုပ် (ရေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အကြိမ် (၂၀) မြောက်
အာဆီယံရေတပ်ဦးစီးချုပ်များအစည်း အဝေးတက်ရောက်ခြင်း၊ အာဆီယံရေတပ်ဦးစီးချုပ်များအား
သီးခြားစီတွေ့ဆုံခြင်းနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးသို့ အာဆီယံနိုင်ငံရေတပ်များမှ ရေတပ်ဦးစီးချုပ်များ၊
လာအိုပြည်သူ့တပ်မတော်၊ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲနှင့် တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။
အကြိမ်
(၂၀) မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (20th ASEAN Navy Chiefs’ Meeting - 20th ANCM) ကို ဩဂုတ် ၁၈ ရက်မှ ၂၁ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ပြုလုပ်ရာ
ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းတက်ရောက်ခဲ့သည်။ ဦးစွာ
ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီး Adul Boonthumjaroen က
အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်ပေးသည်။ ယင်းနောက်
ယခင်နှစ် (၁၉) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးမှတ်တမ်းအား
အတည်ပြုသည်။ ဆက်လက်၍ ANCM အမြဲတမ်းပူးတွဲအတွင်းဝန်က ဒေသတွင်း
ပင်လယ်ရေကြောင်းလုံခြုံရေးအခြေအနေများအား အကျဉ်းချုပ်တင်ပြဆွေးနွေးသည်။ ထို့နောက်
အစည်းအဝေးတက်ရောက်လာကြသော အာဆီယံရေတပ်ဦးစီးချုပ်များက အာဆီယံတစ်ရပ်၊
ရေကြောင်းမျှော်မှန်းချက် အမြင်တစ်ခုတည်းဖြင့် အာဆီယံဒေသတွင်း ပင်လယ်ရေကြောင်းဆိုင်ရာ
ကြွယ်ဝဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ရေတပ်များ
အချင်းချင်းပူးပေါင်းဆောင်ရွက်မှု (One ASEAN, One Maritime Vision: Naval
Cooperation for Maritime Prosperity and Sustainability in ASEAN) ခေါင်းစဉ်အား
နိုင်ငံအလိုက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဦးစီးချုပ် (ရေ)
ဗိုလ်ချုပ်ကြီး ထိန်ဝင်းက ပင်လယ်ရေကြောင်းဆိုင်ရာ ကြွယ်ဝဖွံ့ဖြိုးတိုးတက်မှုနှင့် အပြာရောင်စီးပွားရေး၊
ရေကြောင်းပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စိန်ခေါ်မှုများအား
ရေတပ်ချင်းပူးပေါင်းဆောင်ရွက်မှုဖြင့် ရင်ဆိုင်ခြင်းများကို ဆွေးနွေးခဲ့သည်။
ယင်းနောက် သတင်းအချက်အလက်မျှဝေခြင်း၊ ဆွေးနွေးဖလှယ်ခြင်းအစီအစဉ်များနှင့် အနာဂတ်တွင်
ဆောင်ရွက်မည့် ANCM အစီအစဉ်များကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် သဘာပတိထိုင်းရေတပ်ဦးစီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို
ရုပ်သိမ်းခဲ့သည်။ အစည်းအဝေးအပြီးတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) သည်
ထိုင်းရေတပ်ဦးစီးချုပ်နှင့် ဗီယက်နမ်ရေတပ်ဦးစီးချုပ်တို့ကို
သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံရေတပ်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်နိုင်မှုများကို ရင်းနှီးပွင့်လင်းစွာ
အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံ
ဗန်ကောက်မြို့သို့ ရောက်ရှိနေသော အာဆီယံရေတပ်ဦးစီးချုပ်များနှင့် အဖွဲ့သည် ဩဂုတ်
၂၀ ရက်တွင် Rattanakosin
Exhibition Hall ၌ လှည့်လည်ကြည့်ရှုခဲ့ပြီး ညပိုင်းတွင် ထိုင်းရေတပ်ဦးစီးချုပ်က
တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment