မန္တလေး ဩဂုတ် ၁၆
ချမ်းမြသာစည်မြို့နယ်ရှိ အမျိုးသမီးဘောလုံး အကယ်ဒမီ(မန္တလေး)ကျောင်းတွင် Grade-5 မှ Grade-9 အထိ ကျောင်းသူ ၅၁ ဦး လက်ခံသင်ကြားပေးလျက်ရှိပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပံ့ပိုးမှု၊ မြန်မာဘောလုံးအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် သင်တန်းကျောင်းအား စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်၍ အသက်သတ်မှတ်ချက်အရ U-12/ U-13 တွင် အားကစားသမား ၂၅ ဦးနှင့် U-14/ U-15 တွင် အားကစားသမား ၂၆ ဦး စုစုပေါင်း ၅၁ ဦး သင်ကြားပေးလျက်ရှိကြောင်း သိရကာ ကျောင်းသူအားကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က ယနေ့တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါကျောင်းခန်းမ၌
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ မန္တလေးတိုင်းဒေသကြီး
အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက အားကစားသမားများနှင့်တွေ့ဆုံစဉ် ထိုသို့ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး
ကျောင်းအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။
ကျောင်းသူများနှင့်တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် အမျိုးသမီးဘောလုံးအကယ်ဒမီ၌
တက်ခွင့်ရသည့် အားကစားသမားများဖြစ်သည့်အတွက် မြန်မာ့အမျိုးသမီးဘောလုံးအားကစားကို တိုးတက်အောင်
ကြိုးစားအားထုတ်စေလိုပါကြောင်း၊ အကယ်ဒမီကျောင်းသည် ပညာရေးနှင့် အားကစားနှစ်ခုလုံးကို
အဓိကထားဆောင်ရွက်ပေးသည့်အတွက် အားကစားတွင်သာမက ပညာရေးတွင်လည်း ထူးချွန်စေလိုပါကြောင်း၊
နိုင်ငံတော်ကအားကိုးရသည့် အမျိုးသမီးဘောလုံးအားကစားသမားများ ပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း
ပြောကြားခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment