နေပြည်တော် ဩဂုတ် ၂၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး မစ္စတာ မာဇီယဒ်မိုဟာမက် မာဇီယဒ်အယ်လ်ဟိုဝီရှန်နှင့် ကာတာသံရုံးယာယီတာဝန်ခံ မစ္စတာ အဗ္ဗဒူလာဇစ်ယူစွတ်အေ.ဂျေ.အယ်လ် - အလီတို့ကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးနှင့်
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသော
နှစ်နိုင်ငံဆက်ဆံရေးနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန်
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ကာတာသံရုံး ယာယီတာဝန်ခံနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်
ကာတာနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု
ပိုမိုခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်သွားရန် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment