နေပြည်တော် ဩဂုတ် ၁၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇော်ဂျီမြစ် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ဇော်ဂျီရပ်ကွက် ဥတ္တံတားရပ်ကွက်နှင့် ကလောမြို့ ကလောချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားသောကြောင့် အမှတ် (၂/၃/၄) ရပ်ကွက်များအတွင်း အနိမ့်ပိုင်းနေအိမ်များ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ၎င်းရပ်ကွက်အတွင်းမှ ဒေသခံတိုင်းရင်းသား ပြည်သူများ အား ယနေ့နံနက်ပိုင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန် ရှိသူတို့က ကယ်ဆယ်ရေးလှေများ၊ တပ်မတော်မော်တော်ယာဉ်များ ဖြင့် ပို့ဆောင်ပေးခြင်းစသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ
ရပ်စောက်မြို့ရှိ ရေဘေးသင့်ပြည်သူများအား ဇော်ဂျီ အားကစားခန်းမနှင့် ဥတ္တံတားဓမ္မာရုံသို့လည်းကောင်း၊
ကလောမြို့ ရေဘေးသင့်ပြည်သူများအား အမှတ် (၅) ရပ်ကွက် မြို့မပရိယတ္တိစာသင်တိုက်သို့လည်းကောင်း
ပြောင်းရွှေ့ပေးပြီး ရေဘေးသင့် ပြည်သူများအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊
ဌာနဆိုင်ရာ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများနှင့် ရေသန့်ဘူးများ ပေးအပ်ခဲ့ကြသည်။
ထို့အပြင် နယ်မြေခံတပ်မတော်ဆေးရုံမှ
နယ်လှည့်ဆေးကုသရေးအဖွဲ့များကလည်း ယာယီရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့်ဒေသခံတိုင်းရင်းသားပြည်သူများ၏
ကျန်းမာရေး ဆေးစစ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment