ပဲခူး ဩဂုတ် ၂၂
တိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့၏ အခက်အခဲများကို ဖြေရှင်းပေးရေး၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းဖော်ပြထားမှုများကို ပြင်ဆင်ခွင့်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးနိုင်ရေး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီရုံးများ ဆောက်လုပ်နိုင်ရန်အတွက် သင့်လျော်သည့် မြေနေရာကူညီဆောင်ရွက်ပေးနိုင်ရေး၊ နွေရာသီတိုင်းရင်းသား ဘာသာစာပေသင်ကြားရာတွင် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကို ကရင်၊ အရှို (ချင်း)၊ မွန်၊ ရှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များက ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့် တွေ့ဆုံစဉ်ဆွေးနွေးတင်ပြကြသည်။
တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲမူလလက်ရာကို
မထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ကြရန်နှင့် စည်းမျဉ်းများ သတ်မှတ်ထားကြရန်
မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားလူငယ်များ၏ အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်အတွက်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း
တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊
သင်တန်းစင်တာ တည်ဆောက်ပြီးစီးပါက ဒေသခံတိုင်းရင်းသားလူငယ်များနှင့် ကိုက်ညီသည့် သင်တန်းများ
ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးစောလင်းအောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးဝင်းနိုင်တို့က တင်ပြချက်များအပေါ်
ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များကို ထောက်ပံ့ငွေများ
ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment