နေပြည်တော် ဩဂုတ် ၂၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်တွင် လိုက်ပါလာသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမက်ဆင်ရူဇန်ကော့ဗ်တို့သည် ဩဂုတ် ၂၁ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် မင့်စ်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများသည် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့
ရောက်ရှိကြရာ ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တာဝန်ရှိသူများက
ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
တွေ့ဆုံပွဲကိုကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့်အတူ
တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ်
ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်ရှိသည့်
လယ်ထွန်စက်ထုတ်လုပ်ခြင်း၊ Optical
Radar ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ သံရုံးအဆောက်အအုံ သို့မဟုတ်
မြေနေရာလဲလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံရုံးဖွင့်လှစ်နိုင်ရေးကိစ္စရပ်များ၊
နှစ်နိုင်ငံဗီဇာကင်းလွတ်ခွင့် အသက်ဝင်နေပြီဖြစ်သောကြောင့် လေကြောင်းလိုင်းများ အဆင်ပြေစေရေးဆောင်ရွက်ပေးရန်
ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ Tourism Infrastructure များစွာရှိခြင်းကြောင့်
ခရီးသွားကဏ္ဍတွင်လည်း နှစ်ဖက်တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သည့်ကိစ္စရပ်များနှင့်
ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးသည်။
ယင်းနောက်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဘယ်လာရုစ်နိုင်ငံဘက်မှ
ဆောင်ရွက်သွားလိုသည့် ကိစ္စများအလိုက် မြန်မာနိုင်ငံသို့ စာပေးပို့စေလိုကြောင်း၊ မိမိတို့ဘက်မှ
အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment