Sunday, August 16, 2026

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ခွင့်ပြုချက်တို့ကို ထုတ်ပေးလျက်ရှိ



နေပြည်တော် ဩဂုတ် ၁၅

ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုကြီးကြပ်ရေးအဖွဲ့သည် ဓာတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများဆိုင်ရာ လုပ်ငန်း လိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ ဓာတုပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောက်ခံချက်၊ စွန့်ပစ်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းလိုင်စင်နှင့် စွန့်ပစ်ခြင်းပြုသည့် လုပ်ငန်းလိုင်စင်၊ ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ခွင့်ပြုချက် တို့ကို ထုတ်ပေးလျက်ရှိသည်။

ယမန်နေ့နံနက်ပိုင်းက စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးပညာရပ်ဆိုင်ရာအဖွဲ့ အစည်းအဝေး (၁/၂၀၂၆) တွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၏ ပြောကြားချက်အရ သိရခြင်း ဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ် သုတေသနဌာနဝင်းအတွင်း၌ ဓာတုပစ္စည်း စီမံခန့်ခွဲရေးဗဟိုဌာနကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ ဗဟိုကြီးကြပ်ရေး အဖွဲ့က ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျသုံးစွဲ စေရေးအတွက် ပညာပေးလုပ်ငန်း များအနေဖြင့် ဓာတုပစ္စည်းစီမံ ခန့်ခွဲမှုသင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု သင်တန်းတို့ကို သက်ဆိုင်ရာ ဌာနများမှ သင်တန်းသား ၆၆ ဦးတို့အား သင်တန်းပို့ချပေးခဲ့ကြောင်း၊ အလားတူ သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး‌နှင့်ပတ်သက်၍ တက်ရောက်လာသူများအနေဖြင့် ဆွေးနွေးစေလိုကြောင်း ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် တက်ရောက်လာကြသူများက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်း များဆိုင်ရာ လုပ်ငန်းလိုင်စင်ထုတ်ပေးရေး၊ ဓာတုပစ္စည်းစီမံခန့်ခွဲမှုနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment