မုံရွာ ဩဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကင်းတပ် လက်ဝဲတူးမြောင်း လက်တံအမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅) မြောင်းတို့မှ စိုက်ပျိုး ရေဖြန့်ဝေမှုဖြင့် ဒေသခံတောင်သူများသည် မိုးသီးနှံ မြေပဲ၊ ပဲစင်းငုံ၊ နေကြာနှင့် မိုးစပါးများ စိုက်ပျိုးထားရှိကြောင်း သိရသည်။
ဒေသခံတောင်သူများ၏
စိုက်ခင်းများနှင့် ကင်းတပ်တူးမြောင်းမှ စိုက်ပျိုးရေပေးဝေမှုတို့ကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးကိုလေးသည် တိုင်းဒေသကြီးဝန်ကြီး များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်
ရင်းရင်း နှီးနှီး တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့ပြင် တောက္ကရှပ်ကျေးရွာအုပ်စု
သာယာတဲစုကျေးရွာရှိ ကန်ဧရိယာ ၃၆ ဒသမ ၈၈ အတွင်း မွေးမြူရေးလုပ်ငန်းရှင် ဦးသန်းလှိုင်၏
ငါးမွေးမြူရေးကန်၊ မွေးမြူရေးလုပ်ငန်းရှင် ဦးရွှေ၏ ဥစားကြက် မွေးမြူရေးခြံတို့ကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင်
ကန့်ဘလူခရိုင် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍
ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေး သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီး
ဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား
သက်ဆိုင်ရာဌာနများအနေဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန် စံညွှန်းမီ အရည်အသွေးပြည့်မီစွာ
တည်ဆောက်ပြီးစီးရေး၊ ရရှိထား သည့် ဘဏ္ဍာရန်ပုံငွေများ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမည့်နေရာများတွင်
စနစ်တကျ သုံးစွဲသွားရေး၊ ဒေသစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်လာစေရန်
တောင်သူများ နှင့် မွေးမြူရေးလုပ်ငန်းရှင်များကို သက်ဆိုင်ရာဌာနဆိုင်ရာများက အသိပညာပေးစည်းရုံးဆောင်ရွက်
ရေးတို့ကို မှာကြားခဲ့ကြောင်း
သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:
Post a Comment