၁။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် သက်လွန်ကျောင်းပြင်ပရောက် ကျောင်းသား ကျောင်းသူများကို ကျောင်းပြင်ပမူလတန်းပညာရေး - NFPE တွင် အသက် ၁၀ နှစ်မှ ၁၆ နှစ်အတွင်းရှိသူများအားလည်းကောင်း၊ ကျောင်းပြင်ပ အလယ်တန်းပညာရေး- NFME တွင် အသက် ၁၃ နှစ်မှ အသက် ၂၁ နှစ်အတွင်းရှိသူများအားလည်းကောင်း အတန်းနေရာချထားစစ်ဆေးမှု (Placement Test) အား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် သတ်မှတ်၍ မူဝါဒများနှင့်အညီ စိစစ်လက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။
၂။ အတန်းနေရာချထားစစ်ဆေးမှု
(Placement Test) ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများသည် ကျောင်းပြင်ပမူလတန်းပညာရေး
- NFPE တွင်ဖြစ်စေ ကျောင်းပြင်ပအလယ်တန်းပညာရေး -NFME တွင်ဖြစ်စေ ဖြေဆိုရန်အတွက် ပညာရေးဆိုင်ရာထောက်ခံချက်များ
သို့မဟုတ် အရေးပေါ်အခြေအနေ ကြေညာထားသည့်မြို့နယ်များမှ အမှန်တကယ်ပြောင်းရွှေ့နေထိုင်သူဖြစ်ကြောင်း
ရပ်ကွက်အုပ်ချုပ် ရေးမှူး၏ ထောက်ခံချက်မူရင်း၊ အသက်ထောက်ခံချက်နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးများတွင်
လျှောက်ထားစာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
၃။ သက်ဆိုင်ရာ
မြို့နယ်ပညာရေးမှူးများက သတ်မှတ်ပေးသောနေရာများတွင် အတန်းနေရာချထားစစ်ဆေးမှု
(Placement Test) ကို ၉-၈-၂၀၂၆ ရက်နေ့ (တနင်္ဂနွေနေ့) ၌ ဖြေဆိုကြရပါမည်။ (အသေးစိတ်အချက်အလက်များကို
သက်ဆိုင်ရာမြို့နယ်နှင့် ခရိုင်ပညာရေးမှူး ရုံးများတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။)
ပညာရေးဝန်ကြီးဌာန
No comments:
Post a Comment